Pages

Subscribe:

Ads 468x60px

Showing posts with label စည်သူအောင်. Show all posts
Showing posts with label စည်သူအောင်. Show all posts

Sunday, April 27, 2014

မိရွှေပိုသို့အယူခံ


အလင်းတစ်မှုန်တစ်လေ ထွန်းညှိမိတာနဲ့ပဲ
ပြာကျတဲ့အထိ လောင်တိုက်သွင်းပစ်ဖို့ မလိုပါဘူး မိရွှေပို
အကြိမ်ကြိမ် ကြက်ခြေခတ်ခံရတဲ. ညီမျှခြင်းတွေနောက်မှာ
ငါ ဘယ်လောက် ခဲခဲယဉ်းယဉ်း ပြုံးရတယ်ဆိုတာ
နင် အသိဆုံးနေမှာပါ
ငါ့နှလုံးခုန်သံဟာ နင့်အတွက်
မခံရပ်နိုင်စရာ ဘာသာစကားဖြစ်ခဲ့သလား မိရွှေပို
အဲဒီအတွက် တောင်းပန်ပါတယ်…
တောင်းပန်ပါတယ်ဆိုတဲ့ စကားအပြင်
တခြားဘာမှ ပြောစရာ မရှိတဲ့အတွက်လည်း
နောက်တစ်ကြိမ်ထပ် တောင်းပန်ပါတယ်
နားလည်စမ်းပါ မိရွှေပို
မျှော်လင့်ခြင်းဆိုတာ ယဉ်ကျေးမှုခေါင်းစဉ်တစ်ခုအောက်က
ခမ်းခမ်းနားနား လက်ဖြန်.တောင်းခံတတ်ကြတာမျိုး ....
ငါ့အတွက်မှ ရာဇ၀တ်မှုမြောက်နေမယ်ဆိုရင်
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ.....
အတူငြင်းခုံရင်းက မတော်တဆ စွန်းထင်းခဲ့တဲ့
ညနေခင်းကင်ဆာတွေပါပဲ မိရွှေပို
ဘယ်လို ဆေးမြီးတိုနဲ.မှ မပျောက်တဲ့အတူတူ
လူတွေ.တိုင်းညည်းပြနေမိတာတော့
တစ်ဆိတ် ခွင့်လွှတ်ပါ
အဲဒီလို
ဖြတ်သွားဖြတ်လာ သံယောဇဉ်မျိုးနဲ.တော့
မစို့မပို့ မသနားပြစမ်းပါနဲ. မိရွှေပို
နင်ပြောသလို ကိုယ့်ကိုယ်ကို နှိပ်စက်ချင်တဲ့ကောင်မို့
မှောင်သင့်တာထက် ပိုမှောင်တာ ဘာမှ မဆန်းဘူး
ဒါပေမယ့်  မိရွှေပိုရယ်..
ဒါပေမယ့်
......... ....... .........



စည်သူအောင်

Thursday, February 20, 2014

ကျုပ် ပြောပါတယ် ၊ ခင်ဗျားက ကျုပ်ကို ကဗျာတွေထဲမှာပဲ ချစ်တာပါ လို့ 


ခင်ဗျား ဖတ်နေတဲ့ စာအုပ်ကို ဆွဲယူပြီး ကြည့်တယ်ဆိုတာ
ဒီနေ့  အဆင်ပြေရဲ့ လား ကျုပ်ကို မေးစေချင်တယ်မှန်း မသိဘူးလား
ဘာအစ်ဇင် ညာအစ်ဇင်တွေထက် K pop အကြောင်းပြောနိုင်ရင်
ခင်ဗျားနဲ့  ကျုပ် ဘာသာစကား ပို နီးစပ်သွားလိမ့်မယ်
ဆံပင်ဖြောင့်လာမှန်း ကျုပ်ပြောမှ သိတယ်ဆိုတော့
ခင်ဗျားရဲ့  "အရိပ်တကြည့်ကြည့် "အပေါ်
သံသယ ရှိသင့် မရှိသင့် ဖြေ
နိမိတ်ပုံတွေ သင်္ကေတ တွေမပါရင်
ကျုပ် စိတ်မကောက်ရတော့ဘူးလား ဟိတ်လူ
တခြား ယောက်ျားလေးတွေ ကျုပ်ကို စိတ်ဝင်စားပုံ ပြရင်
အသွေးတူ အမွေးတူ အပေါင်းအသင်းတွေကြားက
ခင်ဗျားကို ဒေါပွတယ်
လက်သည်းနီအရောင်ကူရွေးပေးတာကရော
တကယ်ဆို ကဗျာမဆန်လို့ လား ။            ။


စည်သူအောင်

တောခြောက် ခံရတဲ့ သစ်ပင်


လက်ညှိုးညွှန်ရာ စီးဆင်းခဲ့ဖူးပြီ
အခု
စိုးရိမ်ရေမှတ်ဟာ ကိုယ့် အနံ့ အသက်ကို
ခြေရာကောက်လို့  ။
သီးပွင့်ကြည့်ဖို့ 
နေသာ ကြည့်ဖို့ အရေးကိုမှ
မလိမ်မိုး မလိမ္မာ
"သူတို့  မင်းကို မလိုချင်ဘူး "
"သူတို့  မင်းကို မလိုအပ်ဘူး"
သူတို့ 
သူတို့ ...........
တံခါးတွေကို
ထွက်သွားဖို့  အတွက်ပဲ ဖွင့်ခဲ့ကြတာ ။          ။

စည်သူအောင်


မသန့် ရှင်းသော မျက်လုံးများဖြင့် လက်ကို မပွတ်သပ်မိရန်


ပြက်လုံးက မရယ်ရတဲ့ အခါ
လူရွှင်တော်ကို ရယ်ကြမှာလား
ခေတ်နက်နက်ကြီးထဲ
သေသေရှင်ရှင် ပစ်ချခံထားရ ။

အားလုံးဟာ ဖြတ်လျှောက် တွေပါ
တစ်ကမ္ဘာတည်းသား တွေပါ
အသက်ရှူသံတွေ ပေကျံနေတဲ့
အမှားအယွင်း တွေပါ ။

အဲဒီ လက်ဖြစ်ကျိန်စာတွေ
ဘယ်လောက် သက်ဆိုးရှည်ဦးမှာလဲ
စီးဆောပုံ လုပ်ထားတဲ့ ညီမျှခြင်းတွေက
တစ်ဖက်ဖက်ကို အမြဲ စောင်းနေမှာပဲ
လှေကားတစ်စင်းဟာ လှေကားတစ်စင်းကို
တက်နင်းသွားတယ် ။            ။


စည်သူအောင်