ပြက်လုံးက မရယ်ရတဲ့ အခါ
လူရွှင်တော်ကို ရယ်ကြမှာလား
ခေတ်နက်နက်ကြီးထဲ
သေသေရှင်ရှင် ပစ်ချခံထားရ ။
အားလုံးဟာ ဖြတ်လျှောက် တွေပါ
တစ်ကမ္ဘာတည်းသား တွေပါ
အသက်ရှူသံတွေ ပေကျံနေတဲ့
အမှားအယွင်း တွေပါ ။
အဲဒီ လက်ဖြစ်ကျိန်စာတွေ
ဘယ်လောက် သက်ဆိုးရှည်ဦးမှာလဲ
စီးဆောပုံ လုပ်ထားတဲ့ ညီမျှခြင်းတွေက
တစ်ဖက်ဖက်ကို အမြဲ စောင်းနေမှာပဲ
လှေကားတစ်စင်းဟာ လှေကားတစ်စင်းကို
တက်နင်းသွားတယ် ။ ။
စည်သူအောင်
0 comments:
Post a Comment