Pages

Subscribe:

Ads 468x60px

Thursday, February 20, 2014

ကျုပ် ပြောပါတယ် ၊ ခင်ဗျားက ကျုပ်ကို ကဗျာတွေထဲမှာပဲ ချစ်တာပါ လို့ 


ခင်ဗျား ဖတ်နေတဲ့ စာအုပ်ကို ဆွဲယူပြီး ကြည့်တယ်ဆိုတာ
ဒီနေ့  အဆင်ပြေရဲ့ လား ကျုပ်ကို မေးစေချင်တယ်မှန်း မသိဘူးလား
ဘာအစ်ဇင် ညာအစ်ဇင်တွေထက် K pop အကြောင်းပြောနိုင်ရင်
ခင်ဗျားနဲ့  ကျုပ် ဘာသာစကား ပို နီးစပ်သွားလိမ့်မယ်
ဆံပင်ဖြောင့်လာမှန်း ကျုပ်ပြောမှ သိတယ်ဆိုတော့
ခင်ဗျားရဲ့  "အရိပ်တကြည့်ကြည့် "အပေါ်
သံသယ ရှိသင့် မရှိသင့် ဖြေ
နိမိတ်ပုံတွေ သင်္ကေတ တွေမပါရင်
ကျုပ် စိတ်မကောက်ရတော့ဘူးလား ဟိတ်လူ
တခြား ယောက်ျားလေးတွေ ကျုပ်ကို စိတ်ဝင်စားပုံ ပြရင်
အသွေးတူ အမွေးတူ အပေါင်းအသင်းတွေကြားက
ခင်ဗျားကို ဒေါပွတယ်
လက်သည်းနီအရောင်ကူရွေးပေးတာကရော
တကယ်ဆို ကဗျာမဆန်လို့ လား ။            ။


စည်သူအောင်

0 comments:

Post a Comment