ကောင်မလေး..
အချစ်ကချိုသလား
ကိုယ်တော့ အမှတ်တရတွေကိုဖက်အိပ်တတ်နေပြီ
အိမ်မက်ထဲထထလင်းတဲ့အရိပ်ဟာ
မင်းရယ်ကိုယ်ရယ် လမ်းကလေးရယ်...
ကောင်မလေး..
အချစ်ကနူးညံ့သလား
မင်းလက်ဖူးဖူးလေးရယ် မင်းပခုံးမို့မို့လေးရယ်
မင်းအပြုံးလွင်လွင်လေးတွေရယ်လေ
ကိုယ့်အတွက် အကောင်းဆုံးဇိမ်ခံပစ္စည်းတွေပဲ..
ကောင်မလေး..
အချစ်ကဘာဖြစ်စေသလဲ
ကိုယ်တော့ အိပ်ရေးတွေပျက်တယ် ဖုန်းဘေလ်တွေကုန်တယ်
ဒါပေမယ့် မင်းရယ်သံတွေဖောဖောသီသီကြားနေရသ
ဒါဟာ ဘယ်တော့မှမရှုံးတဲ့စီးပွားရေးပဲ.
ကောင်မလေး..
အချစ်ကဘာလဲ
ခေါင်းစဉ်မတပ်ထားပေမယ့်
နင်ရယ်ငါရယ်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်
စမ်းချောင်းလေးတွေလိုငါတို့စီးဆ
ငါ့စိတ်ကိုနင့်မျက်ဝန်းနဲ့မောင်
နင့်စိတ်မှာငါဟာ ယီးလေးခိုလို့
တိတ်တိတ်လေးခရီးထွက်မယ်
ဘာမှန်းမသိတဲ့ အချစ်ဆီ.....။
ရေမှော်
0 comments:
Post a Comment