Pages

Subscribe:

Ads 468x60px

Tuesday, March 4, 2014

တွင်းပိုး


ငါ့ကိုကိုင်လှုပ်လိုက်စမ်းပါ
စကားလုံးတွေများ
တစ်ဂျောက်ဂျောက်နဲ့ ထွက်ကျလာမလားဆိုတာ……………

င့ါနှာခေါင်းထဲမှာ
စိမ်းရွှေရွှေ လူသားတွေရဲ့ အနံ့တွေ
ှုရှောင်ရင်းတိမ်းရင်းနဲ့
သူတို့တွေကို ရှောင်ရင်းတိမ်းရင်းနဲ့……

ငါ့အဖြစ်က ………
သိုးတွေကြားမှာ မွေးတဲ့မြေခွေးလို
ဖေဖော်ဝါရီ ၂၉ လို
ဥယျာဉ်ထဲက ပေါင်းပင်လို
အဆီအငေါ်မတည့်
အစီအစဉ်မတည့်

အသက်လမ်းကြောင်းတိုတိုလေးရယ်
ခက်ခက်ခဲခဲရှုသွင်းပေးနေရတဲ့ အဆုပ်ရယ်
ဗေဒင်ဆရာကိုပေးခဲ့တဲ့အသပြာနဲ့
ဗေဒင်ဆရာကပေးတဲ့ ယတြာရယ်
အပ်ပေါက်ရာ ပြူးတူးပြဲတဲ အရေပြားရယ်

ဆီးပိုက်တွေ ပြွန်တွေ ဆေးထိုးအပ်တွေ
အဖြူတွေ အနီတွေ

သြော်…………
တွင်းအောင်းဖို့ကြိုးစားပါတော့မယ်ဆိုမှ
…… ………… …………
တွင်းဝကို ခြေမနဲ့
လာကလော်ထုတ်နေကြပြန်တယ်။ ။

စုန်း

0 comments:

Post a Comment