Pages

Subscribe:

Ads 468x60px

Monday, March 17, 2014

ဓာတ်ပုံ


" ဓာတ်ပုံ "

တစ်ကွက်ထဲ...

ဓါတ်ပုံတစ်ချက်
ဖျတ်ကနဲ....။

တစ်သက်လုံး
သေရာပါမယ့် လူအုပ်ကြီးက
သံယောဇဉ်တွေကို
တစ်ဘဝလုံးစာ ချည်ပြီးတုပ်ပြီးသား
ဘောင်ခတ်လျက်သား ထွက်လာတယ်။

နောက်များမှာ.....
ခွဲခွာကြမယ့်သူတွေရော...
တူတူရှိကြမယ့် သူတွေရော..
ခု လောလောဆယ် တူတူတွဲနေပေးပါ
နိုင်ငံခြားသွားမယ့်သူတွေလဲ..
ခု မတ်မတ်လေး ရပ်နေပါ
မုန်းတီးသွားမယ့် သူတွေကလဲ..
ခု ပခုံးချင်းဖက်ထားပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားမယ့်
ကောင်လေးလဲ ခု အရှင်လတ်လတ်ကြီး
ကင်မရာကို ပြုံးပြပါ

ကိုယ့်ဘဝကိုယ် ကျောင်းမယ့်သူ
ကိုယ့်လမ်းကိုယ် လျှောက်မယ့်သူ
မခွဲဘူးဆိုတဲ့သူ၊ နောက်မတွေ့တော့ဘူး ဆိုတဲ့သူ
အဆက်အသွယ်ပြတ်တောက်သွားမယ့် သူ
အားလုံးပဲ.. ဒီမြင်ကွင်းထဲမှာ..
ခဏ လာရပ်ပေးပါ။

ရပြီ.. မျက်တောင်မခတ်နဲ့.
ခေါင်းမတ်မတ်ထား..
ရိုက်မယ် .. ရယ်ဒီ။
ဖျတ်..။    ။


လက်ဝဲ




" ဓာတ်ပုံ "

ပြန်မရတော့တဲ့ အတိတ်တွေ၊
ပြန်မဆုံနိုင်တော့တဲ့ သူတွေ၊
ပြန်မရောက်နိုင်တော့တဲ့ နေရာတွေ၊
ပြန်မမြင်နိုင်တော့တဲ့ ရှုမျှော်ခင်းတွေ၊
ပြိုလဲသွားတဲ့ အဆောက်အဦးတွေ၊
ပျောက်ကွယ်သွားတဲ့ ပတ်ဝန်းကျင်တွေ၊
အနိစ္စသဘောဆောင်သွားတဲ့ နုနယ်ပျိုပျစ်ခြင်းတွေ၊
တစ်ချိန်က ပျော်ရွှင်ခဲ့ရတာတွေ၊
တူနှစ်ကိုယ် ကြည်နူးခဲ့ရတာတွေ၊
သူတို့ရဲ့ဆေးရောင်စုံအပြုံးတွေ၊
အားလုံးရဲ့ ဖြစ်တည်ခဲ့မှုတွေ၊
ငါ (တို့) ကျန်ခဲ့(ချန်ခဲ့) တဲ့ပုံရိပ်တွေ သူ့ဆီမှာ ပြန်မြင်နေရတယ်…။

ကိုဇေ

0 comments:

Post a Comment