မင်းဖုန်းနံပါတ်လေးကိုနှိပ်လိုက်တိုင်း
ကိုယ်နဲ့ထပ်တူဝမ်းနည်းပေးမယ့် အမျိုးသမီးရှိသရွေ့
အလွမ်းသီချင်းတွေအတွက်
ကိုယ် ကြိုးမညှိဖြစ်သေးဘူး...
ကိုယ်နဲ့ထပ်တူဝမ်းနည်းပေးမယ့် အမျိုးသမီးရှိသရွေ့
အလွမ်းသီချင်းတွေအတွက်
ကိုယ် ကြိုးမညှိဖြစ်သေးဘူး...
မင်းလိုတော့ ချစ်တတ်ချင်ပါတယ်
မင်းအတွက်တော့ ကိုယ်တို့ဟာ
ဗလာစာရွက်တွေ...
မင်းအတွက်တော့ ကိုယ်တို့ဟာ
ဗလာစာရွက်တွေ...
တစ်ခါတလေတော့လည်း
မျက်လှည့်ဆရာဖြစ်လိုက်ချင်ရဲ့..
ဘယ်ဘက်လက်ကပျောက်သွားတဲ့ မင်းအပြုံးကို
ညာဘက်အိပ်ကပ်ထဲက
ဆွဲထုတ်လို့ရမလားဆိုတဲ့စိတ်ကူးမျိုးနဲ့လေ...
မျက်လှည့်ဆရာဖြစ်လိုက်ချင်ရဲ့..
ဘယ်ဘက်လက်ကပျောက်သွားတဲ့ မင်းအပြုံးကို
ညာဘက်အိပ်ကပ်ထဲက
ဆွဲထုတ်လို့ရမလားဆိုတဲ့စိတ်ကူးမျိုးနဲ့လေ...
ငယ်ငယ်ကအိမ်မက်ထဲပြေးရင်းပြေးရင်း
ပြုတ်ကျသွားတဲ့ချောက်ကမ်းပါးဟာ
မင်းဆိုတာ သိလိုက်ချိန်..
မင်းကိုချစ်တဲ့စိတ်ဟာ ရုန်းမရအော်မရအောင်
ကိုယ့်အပေါ်တက်စီးထားလိုက်တယ်...
ပြုတ်ကျသွားတဲ့ချောက်ကမ်းပါးဟာ
မင်းဆိုတာ သိလိုက်ချိန်..
မင်းကိုချစ်တဲ့စိတ်ဟာ ရုန်းမရအော်မရအောင်
ကိုယ့်အပေါ်တက်စီးထားလိုက်တယ်...
နွေအတွက် ရေဟာရှားသလို
ကိုယ့်အတွက် မင်းဆီကအရာရာရှားတယ်
ကိုယ်ပူမနေပါဘူး မင်းယုံ...
ကိုယ့်အတွက် မင်းဆီကအရာရာရှားတယ်
ကိုယ်ပူမနေပါဘူး မင်းယုံ...
သေမိန့်ကိုစောင့်နေတဲ့ ကြိုးကွင်းဟာကိုယ်ဆို
ဘဝကူးပေးတဲ့ခလုတ်ဟာ မင်း..
ကိုယ့်အကုသိုလ်ဟာ ကိုယ့်လည်ပင်းမှာတန်းလန်းနဲ့
ခလုတ်လေး ဘယ်တော့ကျလာမလဲ.....။
ဘဝကူးပေးတဲ့ခလုတ်ဟာ မင်း..
ကိုယ့်အကုသိုလ်ဟာ ကိုယ့်လည်ပင်းမှာတန်းလန်းနဲ့
ခလုတ်လေး ဘယ်တော့ကျလာမလဲ.....။
ရေမှော်
0 comments:
Post a Comment