အလင်းတစ်မှုန်တစ်လေ ထွန်းညှိမိတာနဲ့ပဲ
ပြာကျတဲ့အထိ လောင်တိုက်သွင်းပစ်ဖို့ မလိုပါဘူး
မိရွှေပို
အကြိမ်ကြိမ် ကြက်ခြေခတ်ခံရတဲ. ညီမျှခြင်းတွေနောက်မှာ
ငါ ဘယ်လောက် ခဲခဲယဉ်းယဉ်း ပြုံးရတယ်ဆိုတာ
နင် အသိဆုံးနေမှာပါ
အကြိမ်ကြိမ် ကြက်ခြေခတ်ခံရတဲ. ညီမျှခြင်းတွေနောက်မှာ
ငါ ဘယ်လောက် ခဲခဲယဉ်းယဉ်း ပြုံးရတယ်ဆိုတာ
နင် အသိဆုံးနေမှာပါ
ငါ့နှလုံးခုန်သံဟာ နင့်အတွက်
မခံရပ်နိုင်စရာ ဘာသာစကားဖြစ်ခဲ့သလား မိရွှေပို
အဲဒီအတွက် တောင်းပန်ပါတယ်…
တောင်းပန်ပါတယ်ဆိုတဲ့ စကားအပြင်
တခြားဘာမှ ပြောစရာ မရှိတဲ့အတွက်လည်း
နောက်တစ်ကြိမ်ထပ် တောင်းပန်ပါတယ်
မခံရပ်နိုင်စရာ ဘာသာစကားဖြစ်ခဲ့သလား မိရွှေပို
အဲဒီအတွက် တောင်းပန်ပါတယ်…
တောင်းပန်ပါတယ်ဆိုတဲ့ စကားအပြင်
တခြားဘာမှ ပြောစရာ မရှိတဲ့အတွက်လည်း
နောက်တစ်ကြိမ်ထပ် တောင်းပန်ပါတယ်
နားလည်စမ်းပါ မိရွှေပို
မျှော်လင့်ခြင်းဆိုတာ ယဉ်ကျေးမှုခေါင်းစဉ်တစ်ခုအောက်က
ခမ်းခမ်းနားနား လက်ဖြန်.တောင်းခံတတ်ကြတာမျိုး ....
ငါ့အတွက်မှ ရာဇ၀တ်မှုမြောက်နေမယ်ဆိုရင်
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ.....
မျှော်လင့်ခြင်းဆိုတာ ယဉ်ကျေးမှုခေါင်းစဉ်တစ်ခုအောက်က
ခမ်းခမ်းနားနား လက်ဖြန်.တောင်းခံတတ်ကြတာမျိုး ....
ငါ့အတွက်မှ ရာဇ၀တ်မှုမြောက်နေမယ်ဆိုရင်
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ.....
အတူငြင်းခုံရင်းက မတော်တဆ စွန်းထင်းခဲ့တဲ့
ညနေခင်းကင်ဆာတွေပါပဲ မိရွှေပို
ဘယ်လို ဆေးမြီးတိုနဲ.မှ မပျောက်တဲ့အတူတူ
လူတွေ.တိုင်းညည်းပြနေမိတာတော့
တစ်ဆိတ် ခွင့်လွှတ်ပါ
ညနေခင်းကင်ဆာတွေပါပဲ မိရွှေပို
ဘယ်လို ဆေးမြီးတိုနဲ.မှ မပျောက်တဲ့အတူတူ
လူတွေ.တိုင်းညည်းပြနေမိတာတော့
တစ်ဆိတ် ခွင့်လွှတ်ပါ
အဲဒီလို
ဖြတ်သွားဖြတ်လာ သံယောဇဉ်မျိုးနဲ.တော့
မစို့မပို့ မသနားပြစမ်းပါနဲ. မိရွှေပို
နင်ပြောသလို ကိုယ့်ကိုယ်ကို နှိပ်စက်ချင်တဲ့ကောင်မို့
မှောင်သင့်တာထက် ပိုမှောင်တာ ဘာမှ မဆန်းဘူး
ဒါပေမယ့် မိရွှေပိုရယ်..
ဒါပေမယ့်
......... ....... .........

စည်သူအောင်
0 comments:
Post a Comment