Pages

Subscribe:

Ads 468x60px

Showing posts with label Thanatkhar July. Show all posts
Showing posts with label Thanatkhar July. Show all posts

Tuesday, April 1, 2014

စေတန်သို့တမ်းချင်း


တမင်ရည်ရွယ်ခဲ့တာမဟုတ်ပေမယ့်
အထိနာခဲ့တယ်ဆိုတာ..
မသိခဲ့တာလား
မသိချင်ယောင်ဆောင်ခဲ့တာလား
 စေတန်
မခံချင်စိတ်နဲ့မာနဆိုတာကို
ထည်လဲဝတ်ဆင်ရင်း
ယိုင်နဲ့နဲ့ပဲငါအားတင်းဆက်လျှောက်နေဆဲပါ…
အပေးအယူဆိုတာကို
ခေါင်းထဲထည့်မတွက်ပေမယ့်..
ငါမတန်မရာ ရခဲ့တာက
နောင်တတွေ…
စေတန်…….
အပေါစားဆန်တဲ့
လှည့်ကွက်တွေအောက်က
ခပ်ညံ့ညံ့စကားလုံးတွေကတစ်ဆင့်…
အပြုံးတုတွေနဲ့ နင့်ကြောင့်…..
ခပ်ကြောင်ကြောင် အတွေးတွေနဲ့..
ပူလောင်နေတဲ့ငါ့ကိုယ်ငါ……
သိပ်….မုန်း……တယ်….
စေတန်……..
ကမ္ဘာကြီးက ကျဉ်းတယ်တဲ့..
နယူတန်ရဲ့နိယာမအတိုင်းဆို….
တနင့်တပိုး ဆတူခံစားရမယ့်..
ခပ်ပေါပေါနှလုံးသားအတွက်…..
ညစ်ကျယ်ကျယ် လှောင်ရယ်သံတွေ
စောင့်ကြိုနေတယ်…………

Thanatkhar July



Sunday, March 16, 2014

ဖြောင့်ချက်


ခဏလေးမှ ခဏလေး
ထိုဒင်္ဂတ တွင်
အရိုးရှင်းဆုံး ဆိုမှ  ရိုးရှင်းလှသော
လှိုက်လှဲသော အပြုံးတစ်ပွင့် ကို
လက်ခံရရှိလိုက်သော တစ်ခဏ……
ကိုယ့်ဆီမှ..
အံ့သြပီတိ တစ်ချို့ မဖုံးနိုင်မဖိနိုင်
ဒလဟော ဖိတ်စင်ကျသွားသည့်အခိုက်…..
ထို အမူအရာ၊ အသံ နှင့် အပြုံးတို့အား
ကိုယ့်သဘောနှင့်ကိုယ် (ခွင့်ပြုချက်မရပဲ)
သိမ်းပိုက်လာသော ကိုယ့်ခြေလှမ်းတိုင်းတွင်…
ကျေနပ်ပီတိဖြစ်မှုတို့က အတောမသတ်နိုင်………
သို့ဖြင့်……
ကာယကံရှင်မသိလိုက်သော…
ထိုရိုးရှင်းလှိုက်လှဲသောအပြုံးအား..
ကိုယ် ခိုးယူသိမ်းဆည်းမိကြောင်း…
ရိုးသားစွာ ၀န်ခံပါ၏ ….

Thanatkhar July

Thursday, February 20, 2014

ငါ့အတ္တ


ပူလောင်လွန်းတယ်..
မီးစပေါင်းကဋေကဋာနဲ့..
ရင်ဝကိုခွဲနေသလို...
အမုန်းသွေးတွေငါ့ကိုယ်ထဲမှာစီးဆင်းနေတော့..
ဟူးးးးး.....
မရည်ရွယ်ပဲ..
သက်ပြင်းမောတစ်ခုချွေချတယ်..
ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်....
မခံချင်စိတ်ကြောင့်လား........
မာန..
မဖိတ်ခေါ်ပဲရောက်လာတဲ့ငါ့ရဲ့ကိုယ်ပွား..
ရတယ်..
ကြုံလာမယ့်အဆိုးအကောင်းတိုင်းအတွက်..
ကံကြမ္မာကိုငါမယိုးဘူး..
စိတ်ချ...
ငါ့နှလုံးသွေးဆူပွက်သရွေ့..
ကြုံလာမယ့်အဆိုးမှန်သမျှကို..
ငါ့ကိုယ်ပိုင်အားနဲ့
လိပ်ပြာသန့်သန့်တိုက်ထုတ်ဦးမှာ..
ကိုယ်ယုံကြည်ရာလမ်းကို
ခေါင်းမော့ရင်ကော့လျှောက်နိုင်ဖို့..
ငါလက်ကိုင်ထားတဲ့ကိုယ်ကျင့်သိက္ခာရှိတယ်..
ကမ္ဘာကြီးပြိုပျက်သွားပစေ..
ငါ့အတ္တနဲ့ငါစိမ်းလန်းမယ့်..
မြက်ခင်းပြင်မှာ..
ဘယ်မသန့်ရှင်းတဲ့ဝိဥာဉ်ကိုမှ..
ဖြတ်လျှောက်ခွင့်မပေးတာ..
ငါ့အတ္တပဲ......

Thanatkhar July