ခဏလေးမှ ခဏလေး
ထိုဒင်္ဂတ တွင်
အရိုးရှင်းဆုံး ဆိုမှ ရိုးရှင်းလှသော
လှိုက်လှဲသော အပြုံးတစ်ပွင့်
ကို
လက်ခံရရှိလိုက်သော
တစ်ခဏ……
ကိုယ့်ဆီမှ..
အံ့သြပီတိ တစ်ချို့ မဖုံးနိုင်မဖိနိုင်
ဒလဟော ဖိတ်စင်ကျသွားသည့်အခိုက်…..
ထို အမူအရာ၊
အသံ နှင့် အပြုံးတို့အား
ကိုယ့်သဘောနှင့်ကိုယ်
(ခွင့်ပြုချက်မရပဲ)
သိမ်းပိုက်လာသော
ကိုယ့်ခြေလှမ်းတိုင်းတွင်…
ကျေနပ်ပီတိဖြစ်မှုတို့က
အတောမသတ်နိုင်………
သို့ဖြင့်……
ကာယကံရှင်မသိလိုက်သော…
ထိုရိုးရှင်းလှိုက်လှဲသောအပြုံးအား..
ကိုယ် ခိုးယူသိမ်းဆည်းမိကြောင်း…
ရိုးသားစွာ
ဝန်ခံပါ၏ ….
Thanatkhar
July
0 comments:
Post a Comment