Pages

Subscribe:

Ads 468x60px

Monday, February 24, 2014

ကျရှုံးသူ ယဉ်ကျေးမှု

ဆိုက်ရောက်ရာပြပုဒ်နဲ့
ထွက်ခွါရာပြပုဒ်
တစ်နေရာတည်းမှာ ဆုံတယ်

မပူပါနဲ့ကွယ်
ငါချစ်တဲ့ လေတံခွန်ကို မျှော်ကြည့်ပြီးရင်
ကိုယ့်အတောင်ပံ ကိုယ်ထမ်း
ခပ်လှမ်းလှမ်း ကို ပြန်ပါ့မယ်

ချောင်းခြားတဲ့တေးသီတိုင်း ငိုရပြန်ပြီ
ပင်လယ်သေထဲမှာ ငါ့မျက်ရည်ရဲ့ အရသာပျောက်ရှ
ထားတော့……
(ဒါကို ဘယ်သူမှမော့မသောက်ကြနဲ့)

ဗေဒါတွေ မျောရဦးမယ်
ပြီးရင်…
ကမ်းတင်ရဦးမယ်
အကြောင်းပြချက် ကိုယ်စီနဲ့ လူတိုင်းက ဘုရားပြီး ငြမ်းဖျက်ကြ
လက်ခုပ် လက်ဝါးတီးကြ

ပွဲတော်မှာ………

ပျော်ချင်ရုံသက်သက်

ငါ့ရင်အုံကို  …… ဗုံလုပ်ခဲ့တယ်   ။ ။

                                     စုန်း

0 comments:

Post a Comment