စကားဦး
ဘယ်အရာဝတ္တုမှ တကယ်ရှိမနေခဲ့ ဘူး
အချိန်ကာလများစွာစွာသစ်နေခဲ့ တဲ့  ဒဏ်ရာအဟောင်းတွေနဲ့ 
ကျွန်တော် ခင်ဗျားတို့ ဆီ
အသံပါတဲ့ ညနေတစ်ခုလက်ဆောင်ပါးလိုက်တယ် ..။
သိမှုမှာ အက်ကွဲနေတဲ့  ဂီတသံနဲ့ 
ကိုယ့်ကိုကိုယ် ပြန်ပြီးဖျားယောင်းနေရ
ထေ့ထေ့ငေါ့ငေါ့ရယ်မောနေတဲ့  ပွင့်ဖက်ကလေးတွေရယ်
ပါးကွက်ကြားကလေးရယ်
သူမရယ်ဟာ
ကျွန်တော့်အတွက် တန်ဖိုးမြင့်အိမ်မက်တစ်ခုဖြစ်ခဲ့ တယ်
သူမပြန်မလာသေးဘူး..။
ဟုတ်တယ်
သူမပြန်မလာတော့ဘူးလေ
ဖြူစွတ်စွတ်နှင်းပန်းကလေးတွေနဲ့ 
ယာတောခင်းပေါ်ဖြတ်လျှောက်သွားတဲ့
လေညင်းတွေတောင် အိုမင်းလာခဲ့
သူမသိပ်မြတ်နိုးတဲ့  ပန်းရောင်ဆွယ်တာ အကျီလေးနဲ့ 
လက်သပ်ရေမွှေးပန်းကလေးတွေနားတောင်
သူမပြန်မလာတော့ဘူး..။
နံနက်ခင်းဟာ သွေးသံတရဲရဲအော်မြည်နေပြီ
အမှန်တရားရဲ့ဧည့်ခန်းမှာဘယ်သူအခန့် သားဝင်ထိုင်နေသလဲ
ရောင်စုံစက္ကူလေးတွေ စွန်လုပ်ပြီးအမှတ်တရဆီပို့ လွှတ်မိတယ်
သူမတကယ်ရော ရှိနေတာဟုတ်ရဲ့လား
ကျွန်တော်မသိနိုင်ခဲ့ဘူးညနေ..။
စိတ်အသေစတွေနဲ့ အယူဝါဒတွေပဲ
ဲပြတင်းဝမှာ တဖွားဖွားလာစင်ကုန်ရဲ့
မေတ္တာတရားကို အလျှားလိုက်ချခင်းမိဖို့ 
ဒဏ်ရာနဲ့  ညနေတွေ တူးဆွခဲ့ ရ
ဘယ်အတွက်ကြောင့်ပဲရရ
ကျွန်တော်ရတဲ့ ဆုဟာ မလှပခဲ့ ဘူး
ကျေနပ်ခဲ့ တယ်
သူမအတွက် ကျွန်တော်ဟာ ဆုဖြစ်ခဲ့ တယ်
သူမရယ်ကတော့ပြန်မလာဖြစ်ခဲ့သူ.။
အဲ့ဒီလိုနဲ့ ပဲ.....။
" ဆု ရီ ဖ တ် စာ "
(၁)
ဆု
နင့်နာမည် ဆုတဲ့လား
ဆုတစ်ခုပဲ ဖြစ်လိမ့်မယ်..။
ငါထင်မိတယ်ဆုရီ
ဆက်ရေးဖို့ ကျန်နေတဲ့  ဒုက္ခတွေနဲ့ 
့ငါတို့ ဖြစ်တည်လာကြသလား
နင့်အမှန်တရားတွေနဲ့  ငါ့ကိုကာထားပါ
နူးညံ့ညင်သာတဲ့ လက်ဖ၀ါးပြင်လေးဟာ
ငါ့အတွက် အိပ်စက်ခြင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်
ဘ၀ဆက်တိုင်းညောင်ပင်တွေ မစိုက်ပျိုးမိဖို့ 
ငါတို့ ဆုတောင်းခဲ့ကြတာပဲ
နေ၀င်သွားပြန်ပြီပေါ့ ဆုရီ ..။
ဟုတ်တယ်
လွန်ခဲ့တဲ့နှစ်ကာလက နွေရက်တွေမှာ
ငါတို့  ဘယ်လိုရှင်သန်လာသလဲ ငါမသိဘူး
အခြားသော ဖြစ်တည်မှုတွေစိုက်ပျိုးနေခဲ့လို့ ငါ့ကိုယ်ငါမသိဘူး
လွတ်လပ်ခြင်းဘောင်ထဲ တိတိကျကျလှောင်ပိတ်နေခဲ့ လို့ မသိဘူး
နင်သိထားတဲ့ အမှန်တရားဆိုတာလည်း ငါမသိဘူး
အဲ့ဒီအတွက်
နင်အားရပါးရ ရယ်ပါပေါ့ဆုရီ..။
နင်ဟာ
free style ၀တ်တက်တယ်
ဓါတ်ပုံရိုက်ရတာ ၀ါသနာပါတယ်
တစ်ခါတစ်ခါ အရှက်သည်းသည်း
ပြီးတော့
ဝမ်းနည်းစရာရှိရင် ၀မ်းနည်းမယ်
ကော်ဖီဆို ခါးခါးပဲသောက်တယ်
အကုန်လုံးပေါ့ ဆုရီရယ်
ငါ့သစ္စာတရားကလွဲရင်
အခြားအရာတွေအားလုံးကို
ငါသိနေခဲ့တာပေါ့..။
အရင်နှစ်တွေလိုပဲ
ကော်ဖီတွေပဲ ပိုသောက်ဖြစ်တယ်
၂ ကြိုးပြတ်နေတဲ့  ဂစ်တာပေါ်က ဖုန်တွေကိုငါမသုတ်ဖြစ်ဘူး
ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ် ဆိုတဲ့ကိုဇာသီချင်းနဲ
အတိတ်ကာလဟာ လှပလွန်းတယ်
ဟုတ်ပါတယ်ဆုရီ
ငါကိုယ်တိုင်ကကို မျက်ရည်လွယ်တာပါ..။
အဲ့ဒီလိုနဲ
ညနေခင်းနဲ့  အမှတ်တရများ
ငါ့အပေါ် ကျော်တက်သွားကြပုံကို
စိတ်အေးလက်အေး ထိုင်ကြည့်နေခဲ့တယ်
ခေါ်သံထူးသံတွေ ပျောက်ရှနေတဲ့အခါ
အမှန်တရားဟာ တကယ်ရောရှိနေပါ့မလား
ဒီတစ်ခါလည်း
သံသယတွေ မထုတ်ပိုးမိခဲ့ပြန်ဘူးဆုရီ ..။
(၂)
နင်သိရဲ့လား ဆုရီ
ငါ့တံခါးရွက်တွေကိုစေ့ထားတုန်းပဲ
အော်သံတွေ နီးသထက်နီးလာခဲ့တာ သေချာတယ်
နှစ်ကာလနဲ့ ချီပြီး ပျောက်ရှနေတဲ့ စိတ္တဇနာမ်များဟာ
လရောင် အမျှင်စတွေနဲ့  ရောထွေးလို့ 
ထမင်းဝိုင်းပေါ် လင်းတစ်လှည့် မှိတ်တစ်လှည့်
တယောသံတွေအလား
ချစ်ခြင်းဟာအိတွဲပြီး သိပ်ခါးနေတယ်..။
ထိတ်လန့် ကြောက်ရွံ့ နေသူ လိပ်ပြာတစ်ကောင်
အဆုံးမဲ့ လွတ်လပ်ခြင်းဘောင်ထဲ
ကျီးလန့် တစာ ပိတ်မိနေသလိုမျိုး
လောကဓံနဲ့  ချစ်ခြင်းဟာ
ပန်းတွေညွတ်နေအောင် ဖူးပွင့်နေတဲ့  ဒုက္ခသစ္စာ
ငါ့ကိုဖက်ထားပါ ငါသိပ်ကြောက်နေမိတယ်ဆုရီ..။
ငါ့ကိုနွေးထွေးစွာ ဖက်ထားပေးမှာမဟုတ်လား
ဇာတ်ဝင်ခန်းဟာ အသံမပေးဘဲတိတ်တဆိတ်လုပ်ကြံဖို့  ငါ့ဆီလာနေပြီ
ချုပ်ရာဗရပွနဲ့ နှင်းတွေအနီတရဲရဲတွေကြား
အချိန်ကာလဟာ လှုပ်မရတော့ဘူး
မသိတဲ့ မသိခြင်းတွေကိုပဲ
ငါသိပ်ကြောက်နေမိတယ်ီ ဆုရီ..။
အမှန်တရားငယ်ငယ်လေးက
အမှန်တရားအကြီးကြီးကို ကြောက်ရွံ့ ရတဲ့ လောကဓမ္မတာလို
ငါတိတိကျကျကို သွေးလန့် နေတယ်..။
အမှန်တရားဟာ လုပ်ယူလို့ ရတာပဲ
ငါတို့ ရပ်တည်ဖို့ တစ်စုံတစ်ခုထက်ပိုတဲ့ အရာတွေလိုအပ်လာတယ်
ချစ်ခြင်းမေတ္တာဆိုတာကိုကငါတို့ လုပ်ယူထားတဲ့  အမှန်တရားတစ်ခုမဟုတ်လား
ဆုတောင်းတွေ မှားမစိုက်မိပါစေနဲ့  ဆုရီ..။
ငါသိချင်မိတယ် ဆုရီ
ဘယ်လိုဖြစ်တည်မှုတွေနဲ့ များ
တစ်ခုသော အချိန်ကာလမှာလှလှပပ နင်ပွင့်အာခဲ့သလဲ
နာကျင်ကြေကွဲမှုဟာ သိပ်ကိုတရင်းတနီးဆန်လွန်းတယ်
မကြာမကြာပေါ့
ငါ့တို့ ကိုယ်ငါတို့  ပြန်ဖတ်ကြည့်ဖို့ 
့နွေးထွေးတဲ့ အသိစိတ်တစ်ခု သိသိသာသာလိုတယ်
(၃)
လူမှုကွန်ယက် ၊ တယ်လီဖုန်းနဲ
့Viber မက်ဆေ့ထဲက စီးဝင်လာတဲ့စကားလုံးတွေဟာ
နာကျင်စွာ တစစီဆုတ်ဖြဲထားလို့  အမွမွ
မပြောင်းလဲဘူး
စာသင်နှစ်တစ်ခုရဲ့ နံနက်ခင်းအပိုင်းအစတွေလိုပဲ
ဆွတ်ပျံ့ ကြည်နူးဖွယ်တွေ အခုထိပြန်ရုတ်ဖို့ မေ့နေသေးတယ်
ချောင်ပိတ်မိနေတဲ့ ခွေးတစ်ကောင်ရဲ့သိမှုတွေလို
ထုံကျင်နေတဲ့  စံနှုန်းအားလုံးဟာ
အလင်းနိယာမနဲ့  သုညသီဝရီဟာ
ချစ်ခြင်းမေတ္တာနဲ့  စာသင်နှစ်ဟာ
ငါတို့ အတွက် ဘာမှမဟုတ်ဘူး ။
ဒီလိုနဲ့ ပဲ
့နွေရောက်လာခဲ့ပြန်ပြီ
ငရဲသားတစ်ယောက်ရဲ့အလွမ်းမှာ
သံရေပူတွေလည်း ခမ်းနေခဲ့တယ် *
အချိန်ကာလနဲ့  သံယောဇဉ်ပဲ
စံပယ်ပန်းတွေအောက် ထိုးဖွက်လိုက်ရမလား
မေ့လျော့အောင် အားထုတ်မှုတစ်ခုနဲ့ 
ငါသတိရနေခဲ့ပါရဲ့ဆုရီ..။
တခုတ်တရ မွေးမြူထားတဲ့အနာတရတွေ
့အချိန်ကာလဟာ နာကျင်နေပြီ
တာဝန် လူမှုရေး စသည်ဖြင့်
ဘ၀ ဆိုတာရယ်ဟာ
အနက်အဓိပါယ်ခါးခါးကြီးနဲ့ မှလား
ငါ့ကိုလိမ်ပါဆုရီ
အနာတရတွေ အပြိုင်းပြိုင်းထနေတဲ့ 
ငါ့ဖြစ်တည်မှုတွေကို အားပါးတရလိမ်ပါ
နံရံ ၊ လက်တွေနဲ့ 
အလျှံတညီးညီး ၊ ပြီးတော့ အေးစက်
ငါဟာ
တောင်ပံမပါတဲ့  ငှက်တစ်ကောင်သာဖြစ်နေလိမ့်မယ်
ဒါမှမဟုတ်
လူသိရှင်ကြားကျကွဲထားတဲ့
သစ္စာတရားလည်းဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်..။
(၄)
ဘယ်အရာမှ ငါတို့ လိုသလောက်မရခဲ့ကြဘူး သေချာတယ်
ချစ်ကြင်နာမှု ငွေကြေး
ရှားပါးစက္ကန့် 
့နာနာကျင်ကျင်ဖြာကျနေတဲ့ လရောင်အဆုံး
ငါတို့ ဘာမှမရခဲ့ ကြဘူး
ငါတွေဝေမိပါရဲ့ ဆုရီ
ပြောင်းလဲခြင်းကတော့ သစ္စာရှိစွာ ပြောင်းလဲနေတယ်
ဟုတ်တယ်
ငါဟာချစ်ခြင်းနဲ့ မေတ္တာကိုလည်းတွေဝေနေတယ်
ဖြစ်တည်မှုနဲ့  ဖြစ်ထွန်းမှုကိုလည်းတွေဝေနေတယ်
Product နဲ့  process ကိုလည်းတွေဝေနေတယ်
တာဝန်ယူမှုနဲ့  တာဝန်ခံမှုကိုလည်းတွေဝေနေတယ်
အနုပညာနဲ့ အတ္တပစ္စည်းကိုလည်းတွေဝေနေတယ်
ဆုတ်ကိုင်မှုနဲ့ 
ဆုတ်ကိုင်မှုကို ဆန့် ကျင်တဲ့  ဆုတ်ကိုင်မှု
ငါ့တွေဝေမှုကိုပါ ငါတွေဝေနေတယ်..။
အမှန်တရားလို့ ပြောနေရသေးသရွေ့ 
ဒါဟာ အမှန်တရားဖြစ်မလာသေးဘူး
ငါတို့ သိမှုတွေမှားပွင့်လာသလား
အဲ့သလို နေ၀င်မှားဖြစ်ခဲ့တယ်ဆုရီ..။
(၅)
အရာအားလုံးဟာ အေးစက်ခဲ့
နွေးထွေးစွာ ၀ိရိယကင်းမဲ့ မှုမှာ
အိမ်မက်ဟာ မိသားစုလို
ထား..ရစ် ..ခဲ့ ..ပြန်..တာ..ပဲ
ပြန်မလာဘူး..။
နင့်အမှန်တရားကိုစိုက်ပျိုးဖို့ 
ငါ့ကို လိုလိုမလိုလို သတ်သွားပါ..။
လေတိုးသံတွေ
သာခွင့်မကြုံနိုင်တဲ့ လမင်းဟာ ရွှမ်းလဲ့လှပလို့ 
့ကော်ဖီတွေဖိတ်စင်နေတယ်
ငါမသုတ်ဖြစ်ဘူး
ဟုတ်တယ်
အမှားလုပ်သူတွေများလာတဲ့အခါ
ငါတို့ အမှန်တရားဟာ တိတိကျကျမှားလာကြမှာပဲ
နားလည်မှုနဲ့ လက်ခံမှုကို
ငါတို့ နေ့ စောပြီး နားလည်ခဲ့ တဲ့  အမှန်တရားဟာ မှားတယ်..။
အဲ့ဒီလို
ချစ်ခြင်းမေတ္တာဟာ
တစ်ခါတစ်ခါ
ကိုယ့်ကိုကိုယ်ပြန်လိမ်နေရသလိုမျိုး
လှပစွာ ကြည်နူးဖို့ ကောင်းတယ်ဆုရီ..။
ဥယျာဉ်မှားပြီးပွင့်လာခဲ့ တဲ့  ပန်းကလေးတွေရယ်
ဒဏ်ရာရယ် ညရယ်
ဘ၀ကို အပိုင်းလိုက်ဖြတ်ကြည့်နေတဲ့ 
သိမ်ငယ်မှုနာရီများရယ် ….
အခက်အခဲတွေကြားကပဲ
နှင်းဆီတွေ ဖြစ်သလိုဖူးပွင့်လာကြပါလိမ့်မယ်..။
ဓီရ်ခေတ်အိမ်
၂၉ မတ် ၂၀၁၄
* မိုးရေထဲမှာ ကျွတ်ကျနေခဲ့ တဲ့ ဖိနပ်လေး(မောင်မိုးမြင့်) ၏ စာသား
Sunday, April 6, 2014
Tuesday, April 1, 2014
စေတန်သို့တမ်းချင်း
တမင်ရည်ရွယ်ခဲ့တာမဟုတ်ပေမယ့်
အထိနာခဲ့တယ်ဆိုတာ..
မသိခဲ့တာလား
မသိချင်ယောင်ဆောင်ခဲ့တာလား
စေတန်
မခံချင်စိတ်နဲ့မာနဆိုတာကို
ထည်လဲဝတ်ဆင်ရင်း
ယိုင်နဲ့နဲ့ပဲငါအားတင်းဆက်လျှောက်နေဆဲပါ…
အပေးအယူဆိုတာကို
ခေါင်းထဲထည့်မတွက်ပေမယ့်..
ငါမတန်မရာ
ရခဲ့တာက
နောင်တတွေ…
စေတန်…….
အပေါစားဆန်တဲ့
လှည့်ကွက်တွေအောက်က
ခပ်ညံ့ညံ့စကားလုံးတွေကတစ်ဆင့်…
အပြုံးတုတွေနဲ့
နင့်ကြောင့်…..
ခပ်ကြောင်ကြောင်
အတွေးတွေနဲ့..
ပူလောင်နေတဲ့ငါ့ကိုယ်ငါ……
သိပ်….မုန်း……တယ်….
စေတန်……..
ကမ္ဘာကြီးက
ကျဉ်းတယ်တဲ့..
နယူတန်ရဲ့နိယာမအတိုင်းဆို….
တနင့်တပိုး
ဆတူခံစားရမယ့်..
ခပ်ပေါပေါနှလုံးသားအတွက်…..
ညစ်ကျယ်ကျယ်
လှောင်ရယ်သံတွေ
စောင့်ကြိုနေတယ်…………
Thanatkhar
July
Sunday, March 23, 2014
nOtiCe
nOtiCe…… 1
မွန်ဆီယာရေ
ကိုယ်က…
တကယ်တော့
စိတ်ကူးတွေနဲ့ ခရီးဆက်တဲ့လူပါ
ကိုယ့်ခံစားချက်တွေကို
ဆည်ဖို့ မထားတတ်တဲ့လူပါ……
ဒီတော့ကွယ်
သကြားအုပ်ထားတဲ့ ဆေးခါးခါး တွေနဲ့တော့
ကိုယ်က ကွဲပြားကောင်း ကွဲပြားပါလိမ့်မယ်
ကိုယ်က…
တကယ်တော့
စိတ်ကူးတွေနဲ့ ခရီးဆက်တဲ့လူပါ
ကိုယ့်ခံစားချက်တွေကို
ဆည်ဖို့ မထားတတ်တဲ့လူပါ……
ဒီတော့ကွယ်
သကြားအုပ်ထားတဲ့ ဆေးခါးခါး တွေနဲ့တော့
ကိုယ်က ကွဲပြားကောင်း ကွဲပြားပါလိမ့်မယ်
nOticE……2
မွန်ဆီယာရေ………
ကိုယ် မင်းကို ချစ်တယ်
သိပ်ကို ချစ်တယ်ကွယ်
ကချေသည်ရဲ့ လက်က
ပန်းဆက်ခွင့် မပါဘူး ဆိုလည်း
တိုးတိုး တိတ်တိတ်ပဲ ဖြစ်ဖြစ်
ကိုယ်…… မင်းကို ချစ်တယ် ။
ကိုယ် မင်းကို ချစ်တယ်
သိပ်ကို ချစ်တယ်ကွယ်
ကချေသည်ရဲ့ လက်က
ပန်းဆက်ခွင့် မပါဘူး ဆိုလည်း
တိုးတိုး တိတ်တိတ်ပဲ ဖြစ်ဖြစ်
ကိုယ်…… မင်းကို ချစ်တယ် ။
NoTiCE……3
မွန်ဆီယာရေ……
ကံကြမ္မာနဲ့ စီးချင်းထိုးဖို့
အစီအစဉ်ဆွဲတဲ့အခါ
ကိုယ်ဟာ သူရဲကောင်းဖြစ်ချင်ဖြစ်မယ်
အရှုံးသမား ဖြစ်ချင်ဖြစ်မယ်
ဘာပဲဖြစ်ဖြစ်
ကိုယ့်အတွက်
မှတ်ဥာဏ်မှာ မင်း ကျန်ရစ်နေလိမ့်မယ်
ကံကြမ္မာနဲ့ စီးချင်းထိုးဖို့
အစီအစဉ်ဆွဲတဲ့အခါ
ကိုယ်ဟာ သူရဲကောင်းဖြစ်ချင်ဖြစ်မယ်
အရှုံးသမား ဖြစ်ချင်ဖြစ်မယ်
ဘာပဲဖြစ်ဖြစ်
ကိုယ့်အတွက်
မှတ်ဥာဏ်မှာ မင်း ကျန်ရစ်နေလိမ့်မယ်
nOtIcE……4
မွန်ဆီယာရေ…
မင်းပြောဖူးသလိုပေါ့
ဘဝဟာ သုညမှာစပြီး သုညနဲ့ဆုံးတယ်ဆိုတာ
ကိုယ်ဟာ လောဘကြီးပါတယ်ကွယ်
ရှင်သန်ခွင့်ရတုန်းတော့
မင်းရဲ့ အင်္ကျီစလေးပဲ ဖြစ်ဖြစ်
မလွှတ်တမ်း ဆွဲထားချင်သေးတယ်
မင်းပြောဖူးသလိုပေါ့
ဘဝဟာ သုညမှာစပြီး သုညနဲ့ဆုံးတယ်ဆိုတာ
ကိုယ်ဟာ လောဘကြီးပါတယ်ကွယ်
ရှင်သန်ခွင့်ရတုန်းတော့
မင်းရဲ့ အင်္ကျီစလေးပဲ ဖြစ်ဖြစ်
မလွှတ်တမ်း ဆွဲထားချင်သေးတယ်
NotIce…… 5
မွန်ဆီယာရေ
အနာကျင်ရဆုံး လူဆိုတာ
နောက်ဆုံးမှ သေရတဲ့ လူတွေဖြစ်တယ်
မင်း … ဘယ်တော့မှ မငိုနဲ့
ကိုယ့်ရဲ့ အနက်ရောင်ခေါင်းတလားပေါ်မှာ
နှင်းပန်းဖြူဖြူတွေကို
အစွမ်းကုန် ပေးပွင့်လိုက်စမ်းပါ…
အနာကျင်ရဆုံး လူဆိုတာ
နောက်ဆုံးမှ သေရတဲ့ လူတွေဖြစ်တယ်
မင်း … ဘယ်တော့မှ မငိုနဲ့
ကိုယ့်ရဲ့ အနက်ရောင်ခေါင်းတလားပေါ်မှာ
နှင်းပန်းဖြူဖြူတွေကို
အစွမ်းကုန် ပေးပွင့်လိုက်စမ်းပါ…
Notice……6
မျဉ်းမပိတ်ကြေးကွယ်
နှုတ်ဆက်ခဲ့ပါတယ်
မွန်ဆီယာ………
နှုတ်ဆက်ခဲ့ပါတယ်
မွန်ဆီယာ………
စုန်း
Wednesday, March 19, 2014
မီးပွိုင့်လေးစိမ်းရင် ကိုယ်မီးကိုတိုးမယ်.
မင်းဖုန်းနံပါတ်လေးကိုနှိပ်လိုက်တိုင်း
ကိုယ်နဲ့ထပ်တူဝမ်းနည်းပေးမယ့် အမျိုးသမီးရှိသရွေ့
အလွမ်းသီချင်းတွေအတွက်
ကိုယ် ကြိုးမညှိဖြစ်သေးဘူး...
ကိုယ်နဲ့ထပ်တူဝမ်းနည်းပေးမယ့် အမျိုးသမီးရှိသရွေ့
အလွမ်းသီချင်းတွေအတွက်
ကိုယ် ကြိုးမညှိဖြစ်သေးဘူး...
မင်းလိုတော့ ချစ်တတ်ချင်ပါတယ်
မင်းအတွက်တော့ ကိုယ်တို့ဟာ
ဗလာစာရွက်တွေ...
မင်းအတွက်တော့ ကိုယ်တို့ဟာ
ဗလာစာရွက်တွေ...
တစ်ခါတလေတော့လည်း
မျက်လှည့်ဆရာဖြစ်လိုက်ချင်ရဲ့..
ဘယ်ဘက်လက်ကပျောက်သွားတဲ့ မင်းအပြုံးကို
ညာဘက်အိပ်ကပ်ထဲက
ဆွဲထုတ်လို့ရမလားဆိုတဲ့စိတ်ကူးမျိုးနဲ့လေ...
မျက်လှည့်ဆရာဖြစ်လိုက်ချင်ရဲ့..
ဘယ်ဘက်လက်ကပျောက်သွားတဲ့ မင်းအပြုံးကို
ညာဘက်အိပ်ကပ်ထဲက
ဆွဲထုတ်လို့ရမလားဆိုတဲ့စိတ်ကူးမျိုးနဲ့လေ...
ငယ်ငယ်ကအိမ်မက်ထဲပြေးရင်းပြေးရင်း
ပြုတ်ကျသွားတဲ့ချောက်ကမ်းပါးဟာ
မင်းဆိုတာ သိလိုက်ချိန်..
မင်းကိုချစ်တဲ့စိတ်ဟာ ရုန်းမရအော်မရအောင်
ကိုယ့်အပေါ်တက်စီးထားလိုက်တယ်...
ပြုတ်ကျသွားတဲ့ချောက်ကမ်းပါးဟာ
မင်းဆိုတာ သိလိုက်ချိန်..
မင်းကိုချစ်တဲ့စိတ်ဟာ ရုန်းမရအော်မရအောင်
ကိုယ့်အပေါ်တက်စီးထားလိုက်တယ်...
နွေအတွက် ရေဟာရှားသလို
ကိုယ့်အတွက် မင်းဆီကအရာရာရှားတယ်
ကိုယ်ပူမနေပါဘူး မင်းယုံ...
ကိုယ့်အတွက် မင်းဆီကအရာရာရှားတယ်
ကိုယ်ပူမနေပါဘူး မင်းယုံ...
သေမိန့်ကိုစောင့်နေတဲ့ ကြိုးကွင်းဟာကိုယ်ဆို
ဘဝကူးပေးတဲ့ခလုတ်ဟာ မင်း..
ကိုယ့်အကုသိုလ်ဟာ ကိုယ့်လည်ပင်းမှာတန်းလန်းနဲ့
ခလုတ်လေး ဘယ်တော့ကျလာမလဲ.....။
ဘဝကူးပေးတဲ့ခလုတ်ဟာ မင်း..
ကိုယ့်အကုသိုလ်ဟာ ကိုယ့်လည်ပင်းမှာတန်းလန်းနဲ့
ခလုတ်လေး ဘယ်တော့ကျလာမလဲ.....။
ရေမှော်
Tuesday, March 18, 2014
ခေတ်ပြိုင်ကဗျာ နှင့် ကျွန်တော့် အတ္တနောမတိ - လက်ဝဲ
“သိုးကလေ၊ ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည့်
ရွှေနှင့်ယိုးမှား၊
ပန်းစကား” အစချီ မင်းမဟာဂီရိ နတ်မင်းကို တိုင်တည်ခဲ့သော
ပုပ္ပါးတောင်အလှဖွဲ့ ပုဂံကဗျာက စတင်၍ ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ လေးချိုး၊
ဒွေးချိုး၊... စသဖြင့် စသဖြင့်သော ကဗျာ အမျိုးအစား များစွာကို
ကျွန်တော်တို့ ရင်းနှီးခဲ့ကြသည်။ မြန်မာကဗျာသည် ခေတ်အဆက်ဆက်တွင်
လု့အဖွဲ့အစည်း၊ လူတန်းစားအလွှာပေါ်တွင် မူတည်၍ အဖွဲ့အနွဲ့ အမျိုးအစားများစွာ
ပေါ်ထွက်လာခဲ့သည်။ ကဗျာသည် ခေတ်ကို ထင်ဟပ် စေသည်။ ကဗျာများသည်
ခေတ်အကြောင်းကို ပြောနေကြသည်။ ပုဂံခေတ် အနန္တသူရိယ အမတ်၏ “သူတည်းတစ်ယောက်”
လင်္ကာ၊ ပင်းယခေတ် စတုရင်္ဂဗလ အမတ်၏ “ရွှေဖဝါးတော်အောက် ကျွန်၏လျှောက်ဖြင့်”
အစချီ ရတု၊ အင်းဝခေတ်က ကိုးခန်းပျို့၊ တောင်ငူခေတ် က နတ်ရှင်နောင် ရတုများ
စသည့် ကဗျာများသည် ခေတ်ကို မီးမောင်းထိုးပြနိုင်ခဲ့သော ကဗျာများဖြစ်သည်။
ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ တျာချင်းများ၊ ရှင်ငြိမ်းမယ်
အိုင်ချင်းများလည်း အလားတူပင် ဖြစ်သည်။ ပြောလိုသည်မှာ ခေတ်၏ ပြောင်းလဲ
မှုနှင့် အတူ ကဗျာ အရေးအဖွဲ့လည်း ပြောင်းလိုက်လာသည်။
ယနေ့ကဗျာများတွင်.......
တစ်ပါဒ
လျှင် စကားလုံး (၄)လုံး၊ အဖျားချ (၇)လုံး ရှိလျှင် လင်္ကာ၊ ၂ပိုဒ် နှင့် ၂
ချိုးပါပြီး အဖျားချ ကာရံတစ်စုံ ညီလျှင် ဒွေးချိုး၊ ၄ပိုဒ် ၄ချိုး ပါပြီး
အဖျားချ ကာရန် ၂ စုံညီလျှင် လေးချိုး စသည့် ကဗျာ အရေးအဖွဲ့
စည်းမျဉ်းစည်းကမ်း တို့၏ အပြင်ဖက်သို့ ဖောက်ထွက်လာမှု၊ ကဗျာဆရာတို့၏
လွပ်လပ်စွာ ဖန်တီးခြင်းကို နှစ်သက်မှု တို့မှ စတင်ပြီး ယနေ့
ခေတ်ပြိုင်ကဗျာများ ဖြစ်လာသည်။
ရှေးရိုးကဗျာများတွင်
ကဗျာဆရာသည် မိမိတွေ့မြင်ရသည်တို့၏ ဂုဏ်ပုဒ်များကို ချီးကျူးဖွဲ့ဆိုကြသည်။
စကားလှ စကားဆန်းများထည့်သွင်းတတ်သည်။ ကိုလိုနီခေတ်နောက်ပိုင်း ခေတ်စမ်းကဗျာ
ပေါ်ထွက်လာသောအခါ လမ်းဟောင်းကို စွန့်လွှတ်၍ စိတ်ခံစားမှု အသားပေးသည့်
လူ့သဘော လူ့သဘာဝ ကိုဖွဲ့ဆိုသည့် ပုံစံသစ်ကို ဖောက်ထွက်လာခဲ့သည်။
ကဗျာဆရာတို့သည် ပြည်တွင်းအပြင် ပြည်ပ ကဗျာများကိုပါ ဖတ်ရှု လာရာမှ ယနေ့
မော်ဒန်၊ ပို့စ်မော်ဒန် ခေတ်များဆီ ကူးပြောင်းလာခဲ့သည်။
ခေတ်ပြိုင်ကဗျာတို့၏
ကာရန်လွတ်လပ်မှု(Free Verse) အပေါ် အငြင်းပွားမှုများ ရှိသော်လည်း
ကဗျာဆရာတို့သည် မိမိတို့၏ အရေးအဖွဲ့ အပေါ် သံသယ ကင်းမဲ့စွာ ရေးဖွဲ့လာကြသည်။
အမှန်တကယ်တွင် ကာရန်မဲ့သည်ဟု ထင်ရသော ခေတ်ပြိုင်ကဗျာတို့တွင် မမြင်နိုင်သော
ကာရန်များ ရှိနေသည်။ တခါတရံ ကဗျာများက စိတ်နယ် ၏ အပြင်ဖက်ထိ
ဆွဲခေါ်သွားတတ်ကြသည်။ ကဗျာဆရာ၏ ကိုယ်ပိုင်အတ္တများ၊ တက်ကြွမှု၊
စိတ်သိမ်ငယ်မှု၊ ခြောက်ခြားမှု၊ အထီးကျန်ဆန်မှု တို့ ကဲ့သို့သော ခံစားချက်
များကို ကဗျာများတွင် မြှုပ်နှံထားကြသည်။ တင်ပြပုံ အသစ်များကို
ဖန်တီးရာတွင် နိုင်ငံခြား ကဗျာများကို ပါ ဆင့်ပွားလေ့လာရာမှ
မော်ဒန်လောကတွင်ပင် ကဗျာအယူအဆ များစွာ ကွဲပြားလာသည်။ ဒဿန ဆန်သော အဖွဲများ၊
လွပ်လပ်သောကာရန်ဖြင့် လွပ်လပ်သော စကားလုံးများသည်
မြန်မာစာဖတ်ပရိတ်သတ်ဆီသို့ သူစိမ်းဆန်စွာ ဝင်ရောက်လာသည်။စာဖတ်သူ အများစု
သည် ခေတ်ပြိုင် မော်ဒန်ကဗျာများကို ပစ်ပယ်ခြင်းလဲ မပြု၊ ဖက်တွယ်ခြင်းလဲ
မပြုပဲ ဘာသိဘာသာ လက်ခံထားကြသည်။ စာဖတ်သူထံမှ ကဗျာဆရာတို့သည်
ကောက်ချက်တစ်စုံတစ်ရာ မရရှိခဲ့ကြ။ စာဖတ်သူ အနည်းစုကတော့ ကဗျာကို ကဗျာလို
အလိုက်သင့် ခံစားကြသည်။ အချို့ က အမြင် အမျိုးမျိုးဖြင့် အဓိပ္ပါယ်
အမျိုးမျိုး ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုမှုများသည် သဘောထားကွဲလွဲမှုဖြင့်
စပြီး သဘောထားကွဲလွဲမှု ဖြင့်သာ အဆုံးသတ်သွားတတ်သည်။ မော်ဒန်ကဗျာသည်
မြန်မာစာဖတ်သူများကြားတွင် ဗီလိန်တစ်ယောက်ဖြစ်လာသည်။ အချို့ က
ခေတ်ပြိုင်ကဗျာတို့ကို လက်မြောက်ကြသည်။ ကန့်ကွက် ရှုတ်ချသည်။
ဘယ်လိုပဲ
ဖြစ်နေပါစေ ခေတ်ပြိုင်ကဗျာရေးနေကြသော ကဗျာဆရာများသည် ကဗျာတွေကို
ရေးနေကြဆဲပဲ ဖြစ်ပါသည်။ အချို့က စာဖတ်သူကို ဥိးတည်၍ ဖြေရှင်းချက်
ပေးလိုကြသည်။ အချို့က မိမိ ကဗျာ ဝိဥာဉ်လေးတစ်ခုထဲဖြင့် ကဗျာရေးနေကြသည်။
မည်သို့ ဖြစ်ပါစေ.. ယနေ့ ခေတ်ပြိုင်ကဗျာများသည်လဲ ခေတ်အဆက်ဆက်
ကဗျာများကဲ့သို့ပင် မျက်မှောက်ခေတ်ကို ထင်ဟပ် နေလိမ့်ဥိးမည် ဖြစ်ပါသည်။
သေချာတာ တစ်ခုတော့ ရှိပါသည်။ “ကဗျာဆရာများသည် ကဗျာများကို ရေးနေကြသည်။”
- ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင် ထင်မြင်ချက် သာလျှင်ဖြစ်ပါသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့် ရှိပါသည်။
လက်ဝဲ
Monday, March 17, 2014
ဓာတ်ပုံ
" ဓာတ်ပုံ "
တစ်ကွက်ထဲ...
ဓါတ်ပုံတစ်ချက်
ဖျတ်ကနဲ....။
တစ်သက်လုံး
သေရာပါမယ့် လူအုပ်ကြီးက
သံယောဇဉ်တွေကို
တစ်ဘဝလုံးစာ ချည်ပြီးတုပ်ပြီးသား
ဘောင်ခတ်လျက်သား ထွက်လာတယ်။
နောက်များမှာ.....
ခွဲခွာကြမယ့်သူတွေရော...
တစ်ကွက်ထဲ...
ဓါတ်ပုံတစ်ချက်
ဖျတ်ကနဲ....။
တစ်သက်လုံး
သေရာပါမယ့် လူအုပ်ကြီးက
သံယောဇဉ်တွေကို
တစ်ဘဝလုံးစာ ချည်ပြီးတုပ်ပြီးသား
ဘောင်ခတ်လျက်သား ထွက်လာတယ်။
နောက်များမှာ.....
ခွဲခွာကြမယ့်သူတွေရော...
တူတူရှိကြမယ့် သူတွေရော..
ခု လောလောဆယ် တူတူတွဲနေပေးပါ
နိုင်ငံခြားသွားမယ့်သူတွေလဲ..
ခု မတ်မတ်လေး ရပ်နေပါ
မုန်းတီးသွားမယ့် သူတွေကလဲ..
ခု ပခုံးချင်းဖက်ထားပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားမယ့်
ကောင်လေးလဲ ခု အရှင်လတ်လတ်ကြီး
ကင်မရာကို ပြုံးပြပါ
ကိုယ့်ဘဝကိုယ် ကျောင်းမယ့်သူ
ကိုယ့်လမ်းကိုယ် လျှောက်မယ့်သူ
မခွဲဘူးဆိုတဲ့သူ၊ နောက်မတွေ့တော့ဘူး ဆိုတဲ့သူ
အဆက်အသွယ်ပြတ်တောက်သွားမယ့် သူ
အားလုံးပဲ.. ဒီမြင်ကွင်းထဲမှာ..
ခဏ လာရပ်ပေးပါ။
ရပြီ.. မျက်တောင်မခတ်နဲ့.
ခေါင်းမတ်မတ်ထား..
ရိုက်မယ် .. ရယ်ဒီ။
ဖျတ်..။ ။
ခု လောလောဆယ် တူတူတွဲနေပေးပါ
နိုင်ငံခြားသွားမယ့်သူတွေလဲ..
ခု မတ်မတ်လေး ရပ်နေပါ
မုန်းတီးသွားမယ့် သူတွေကလဲ..
ခု ပခုံးချင်းဖက်ထားပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားမယ့်
ကောင်လေးလဲ ခု အရှင်လတ်လတ်ကြီး
ကင်မရာကို ပြုံးပြပါ
ကိုယ့်ဘဝကိုယ် ကျောင်းမယ့်သူ
ကိုယ့်လမ်းကိုယ် လျှောက်မယ့်သူ
မခွဲဘူးဆိုတဲ့သူ၊ နောက်မတွေ့တော့ဘူး ဆိုတဲ့သူ
အဆက်အသွယ်ပြတ်တောက်သွားမယ့် သူ
အားလုံးပဲ.. ဒီမြင်ကွင်းထဲမှာ..
ခဏ လာရပ်ပေးပါ။
ရပြီ.. မျက်တောင်မခတ်နဲ့.
ခေါင်းမတ်မတ်ထား..
ရိုက်မယ် .. ရယ်ဒီ။
ဖျတ်..။ ။
လက်ဝဲ
" ဓာတ်ပုံ "
ပြန်မရတော့တဲ့ အတိတ်တွေ၊
ပြန်မဆုံနိုင်တော့တဲ့ သူတွေ၊
ပြန်မရောက်နိုင်တော့တဲ့ နေရာတွေ၊
ပြန်မမြင်နိုင်တော့တဲ့ ရှုမျှော်ခင်းတွေ၊
ပြိုလဲသွားတဲ့ အဆောက်အဦးတွေ၊
ပျောက်ကွယ်သွားတဲ့ ပတ်ဝန်းကျင်တွေ၊
အနိစ္စသဘောဆောင်သွားတဲ့ နုနယ်ပျိုပျစ်ခြင်းတွေ၊
တစ်ချိန်က ပျော်ရွှင်ခဲ့ရတာတွေ၊
တူနှစ်ကိုယ် ကြည်နူးခဲ့ရတာတွေ၊
သူတို့ရဲ့ဆေးရောင်စုံအပြုံးတွေ၊
အားလုံးရဲ့ ဖြစ်တည်ခဲ့မှုတွေ၊
ငါ (တို့) ကျန်ခဲ့(ချန်ခဲ့) တဲ့ပုံရိပ်တွေ သူ့ဆီမှာ
ပြန်မြင်နေရတယ်…။
ကိုဇေ
Sunday, March 16, 2014
ဖြောင့်ချက်
ခဏလေးမှ ခဏလေး
ထိုဒင်္ဂတ တွင်
အရိုးရှင်းဆုံး ဆိုမှ ရိုးရှင်းလှသော
လှိုက်လှဲသော အပြုံးတစ်ပွင့်
ကို
လက်ခံရရှိလိုက်သော
တစ်ခဏ……
ကိုယ့်ဆီမှ..
အံ့သြပီတိ တစ်ချို့ မဖုံးနိုင်မဖိနိုင်
ဒလဟော ဖိတ်စင်ကျသွားသည့်အခိုက်…..
ထို အမူအရာ၊
အသံ နှင့် အပြုံးတို့အား
ကိုယ့်သဘောနှင့်ကိုယ်
(ခွင့်ပြုချက်မရပဲ)
သိမ်းပိုက်လာသော
ကိုယ့်ခြေလှမ်းတိုင်းတွင်…
ကျေနပ်ပီတိဖြစ်မှုတို့က
အတောမသတ်နိုင်………
သို့ဖြင့်……
ကာယကံရှင်မသိလိုက်သော…
ထိုရိုးရှင်းလှိုက်လှဲသောအပြုံးအား..
ကိုယ် ခိုးယူသိမ်းဆည်းမိကြောင်း…
ရိုးသားစွာ
ဝန်ခံပါ၏ ….
Thanatkhar
July
Friday, March 14, 2014
အတိတ်
အတိတ် …… "၁"
သူတို့တွေရဲ့ သွေးသားက
ငါမဟုတ်ခဲ့ဘူး ဆိုရင်
ဒါမှမဟုတ်……
အိမ်ရှေ့လမ်း မှာနေတဲ့
ထူးချွန်ကျောင်းသူက ငါဖြစ်ခဲ့မယ်ဆိုရင်
အဖေနဲ့ အမေရဲ့
အသက်ရှုသံက
ခဏခဏ သက်ပြင်းတွေပါစရာ မလိုတော့ဘူး
ငါမဟုတ်ခဲ့ဘူး ဆိုရင်
ဒါမှမဟုတ်……
အိမ်ရှေ့လမ်း မှာနေတဲ့
ထူးချွန်ကျောင်းသူက ငါဖြစ်ခဲ့မယ်ဆိုရင်
အဖေနဲ့ အမေရဲ့
အသက်ရှုသံက
ခဏခဏ သက်ပြင်းတွေပါစရာ မလိုတော့ဘူး
အတိတ်……"၂"
ငါ့ရဲ့ ပွယောင်းယောင်း လက်ချောင်းတွေနဲ့
ဆုတောင်းယဲ့ယဲ့ကို တောင်းခံခဲ့ဖူးပြီးပြီ
အနီးဆုံးမှာ ရှိနေတဲ့ အဝေးဆုံးလူတွေဆီကလည်း
ဥပေက္ခာ ဆိုတာကို ခံစားနားလည်ခဲ့ပြီးပြီ
လေချည်းသက်သက်
ငါ့ကိုယ်ငါ လွှင့်ပစ်လိုက်တယ်
အခုလောက်ဆို အငိုတိတ်သင့်နေပြီ မဟုတ်လား………
ဆုတောင်းယဲ့ယဲ့ကို တောင်းခံခဲ့ဖူးပြီးပြီ
အနီးဆုံးမှာ ရှိနေတဲ့ အဝေးဆုံးလူတွေဆီကလည်း
ဥပေက္ခာ ဆိုတာကို ခံစားနားလည်ခဲ့ပြီးပြီ
လေချည်းသက်သက်
ငါ့ကိုယ်ငါ လွှင့်ပစ်လိုက်တယ်
အခုလောက်ဆို အငိုတိတ်သင့်နေပြီ မဟုတ်လား………
အတိတ်……"၃"
ကိုယ့်ရဲ့ စိတ်ခံစားချက်ကို
သော့ခတ်တတ်အောင်
ကိုယ်ပိုင်ဘဝ တစ်ခုရှိကြောင်း ဟန်ဆောင်တတ်အောင်
ဘေး ဘယ် ညာ ကိုကြည့်ပြီး
အရောင်ပြောင်းတတ်အောင်
ကိုယ့်ကိုကိုယ် ပြန်သင်တတ်ခဲ့တယ် ။
သော့ခတ်တတ်အောင်
ကိုယ်ပိုင်ဘဝ တစ်ခုရှိကြောင်း ဟန်ဆောင်တတ်အောင်
ဘေး ဘယ် ညာ ကိုကြည့်ပြီး
အရောင်ပြောင်းတတ်အောင်
ကိုယ့်ကိုကိုယ် ပြန်သင်တတ်ခဲ့တယ် ။
အတိတ်……"၄"
လေ့လာတွေ့ရှိချက်တွေအရ
အပေါင်းအသင်းဆိုတာ
ကြောက်စရာ အကောင်းဆုံး အန္တရာယ်ပဲ
စိတ်ရော လူရော ခွာထားပါရစေ
အပေါင်းအသင်းဆိုတာ
ကြောက်စရာ အကောင်းဆုံး အန္တရာယ်ပဲ
စိတ်ရော လူရော ခွာထားပါရစေ
အတိတ်……"၅"
ဘယ်လိုပြောရမလဲ
ငါ့အတွက် တိုးတိုးဖော်က ငါပဲ
ငါ့အတွက် အရင်းနှီးဆုံးက ငါပဲ
ငါ့အတွက် အချစ်ဆုံးက ငါပဲ
အကြိမ်တစ်ထောင်တောင်းလို့
တစ်ကြိမ်မပြည့်ဖူးတဲ့ ဆုတွေကို
ဘုရားသခင်ဆီက ပြန်ရုတ်သိမ်းလိုက်တယ်…
ငါ့အတွက် တိုးတိုးဖော်က ငါပဲ
ငါ့အတွက် အရင်းနှီးဆုံးက ငါပဲ
ငါ့အတွက် အချစ်ဆုံးက ငါပဲ
အကြိမ်တစ်ထောင်တောင်းလို့
တစ်ကြိမ်မပြည့်ဖူးတဲ့ ဆုတွေကို
ဘုရားသခင်ဆီက ပြန်ရုတ်သိမ်းလိုက်တယ်…
အတိတ်……"၆"
ကိုယ့်ကိုကိုယ်ပြန်ပုန်းဖို့
မြေအောက်ခန်းတစ်ခန်း ပေးပါ
ရှုသွင်း ရှုထုတ်တဲ့လေကအစ
ဆွေးဆွေးမြေ့မြေ့ကြီးရယ်
မပြောကြပါနဲ့……
လက်ညိုးတွေ ငါ့ဘက်မလှည့်ကြပါနဲ့……
ဖြစ်တည်မှု အစကတည်းက
လုံခြုံမှု ရဲ့ အဓိပ္ပာယ်ကို
ကိုယ့်အရိပ် ကိုယ်ပြန်ဖမ်းနေသလို
လိုက်ရှာနေခဲ့ရတာ……
မြေအောက်ခန်းတစ်ခန်း ပေးပါ
ရှုသွင်း ရှုထုတ်တဲ့လေကအစ
ဆွေးဆွေးမြေ့မြေ့ကြီးရယ်
မပြောကြပါနဲ့……
လက်ညိုးတွေ ငါ့ဘက်မလှည့်ကြပါနဲ့……
ဖြစ်တည်မှု အစကတည်းက
လုံခြုံမှု ရဲ့ အဓိပ္ပာယ်ကို
ကိုယ့်အရိပ် ကိုယ်ပြန်ဖမ်းနေသလို
လိုက်ရှာနေခဲ့ရတာ……
အတိတ်……"၇"
လူမြင်သူမြင် မဝဲတတ်တဲ့
ငါ့မျက်ရည်တွေ
ငါမကွယ် မဝှက်ဖူးတဲ့ စကားတွေ
ငါ့အထိတ်တလန့် ဆန္ဒတွေ
ငါ့ရဲ့ ရိုင်းရိုင်းစိုင်းစိုင်းရေရွတ်သံတွေနဲ့
င့ါရဲ့ အားငယ်တီးတိုးသံ တွေ
ဇာအနားသတ် ခေါင်းအုံးအောက်မှာ စိုတယ် ။
ငါ့မျက်ရည်တွေ
ငါမကွယ် မဝှက်ဖူးတဲ့ စကားတွေ
ငါ့အထိတ်တလန့် ဆန္ဒတွေ
ငါ့ရဲ့ ရိုင်းရိုင်းစိုင်းစိုင်းရေရွတ်သံတွေနဲ့
င့ါရဲ့ အားငယ်တီးတိုးသံ တွေ
ဇာအနားသတ် ခေါင်းအုံးအောက်မှာ စိုတယ် ။
အတိတ်……"၈"
အရာမထင်ခဲ့တဲ့ ကြိုးစားမှုတွေ
အသိအမှတ်မပြုခဲ့တဲ့ စေတနာတွေ
အကောင်းမမြင်ပေးတဲ့ လုပ်ရပ်တွေ
တကယ်တော့……
အထီးကျန်တယ် ဆိုတာ <ငါ့အတွက်>
ပိုပြီး သက်တောင့်သက်သာ ရှိတယ်
အသိအမှတ်မပြုခဲ့တဲ့ စေတနာတွေ
အကောင်းမမြင်ပေးတဲ့ လုပ်ရပ်တွေ
တကယ်တော့……
အထီးကျန်တယ် ဆိုတာ <ငါ့အတွက်>
ပိုပြီး သက်တောင့်သက်သာ ရှိတယ်
အတိတ်……"၉"
တစ်စုံတစ်ယောက်ရဲ့ လက်တစ်ဖက်ကို ဆွဲထားရတာ…အသက်ရူကြပ်တယ်
ဖြုတ်ချထားခဲ့မလား
ပြုတ်ကျကျန်ခဲ့မလား နဲ့
ရင်တထိတ်ထိတ်……
ဖြုတ်ချထားခဲ့မလား
ပြုတ်ကျကျန်ခဲ့မလား နဲ့
ရင်တထိတ်ထိတ်……
အတိတ်……"၁၀"
မနေ့ညက
အတိတ်ကို သတိရတဲ့စိတ်နဲ့
ငါ………လှိုက်လှိုက်လှဲလှဲ ငိုတယ်…။
အတိတ်ကို သတိရတဲ့စိတ်နဲ့
ငါ………လှိုက်လှိုက်လှဲလှဲ ငိုတယ်…။
စုန်း
Tuesday, March 11, 2014
စိတ် 'ညစ်' အောင် မလုပ်ရက်တော့ဘူး
ဝမ်းတစ်လုံးကောင်းပေမယ့်
ခေါင်းတွေ ခဲနေတယ်။
လက်က ကီးဘုတ်ပေါ်မှာ မနားတမ်း
ပုဒ်ကလေး ( ၊ )
ပုဒ်မ ( ။ )
ချလိုက်တိုင်းလည်း
ခဏနားတာလား
အပြီးသွားတာလားဆိုတာပဲ
စိတ်က တွေး တွေး မိနေတယ်။
သြော် စိတ် စိတ်။
တစ်ဖက်က ပြောတယ် " ဟယ် ဘယ်လိုဖြစ်တာလဲ "
တစ်ဖက်က ပြန်ပြောတယ် " ငါ ပစ်ထားမိခဲ့တဲ့ စိတ်တွေ ခု ငါပြန်မြင်ရပြီ "
တစ်ဖက်က ပြောတယ် " နင် ဆိုတာလည်း နော် "
တစ်ဖက်က ပြန်ပြောတယ် " ပြဇာတ် အလွန်အမင်း ဆန်သွားပြီးပြီးရင် အဲ့ဒီဇာတ်ကို လက်တွေ့ကျဖို့ ကြောက်မနေသင့်တော့ဘူး"
တစ်ဖက်က '' စိတ်ကို ငြိမ်ငြိမ်ထား ''
တစ်ဖက်က '' ........... ..... .............. "
သြော် စိတ် စိတ်။
မြင်နိုင်ဖို့ကြိုးစားရတယ်။
ကြားနိုင်ဖို့ ရိုးသားရတယ်။
ခံစားနိုင်ဖို့ ကိုးကားရတယ်..။
တည်ငြိမ်နိုင်ဖို့ ကျတော့ ....................
သြော် စိတ် စိတ်။
ဘယ်သကောင့်သားကိုမှ
အကျယ်တ၀င့် ခရက်ဒစ် မပေးလိုက်မိပြန်ဘူး။
မာန်ပါပါ နဲ့ ငါ ဟစ်ဆိုလိုက်တိုင်း
ကိုယ်ပိုင်သံစဉ်တွေချည်းပဲ
အဲ့ဒီ သီချင်းတွေကို စိတ်နဲ့စပ်တယ်။
စိတ်နဲ့ဆိုပြီး
စိတ်နဲ့ မေ့ပစ်လိုက်မိတယ်။
ကိုယ် စိတ်ညစ်အောင် မလုပ်ချင်ဘူး..၊ မလုပ်ရက်တော့ဘူး။
ကိုယ် ....တကယ်။
လူတိုင်းမှာ စိတ်ရှိတယ်။
ကျွန်မမှာလည်း စိတ်ရှိတယ်။
စိတ်တွေကို နှမြောဖို့ ၊ တွန့်တိုဖို့၊ မလွယ်ကူဖို့၊ မရိုင်းပြဖို့၊ တန်ဖိုးထားဖို့၊
ရေလိုကျင့်ဖို့၊
ကိုယ်လိုရာစေခိုင်းဖို့တော့
စိတ်ရှိတဲ့ လူတိုင်း
စိတ်ရှိတဲ့ ကျွန်မကိုယ်တိုင် မလေ့ကျင့်ပေးခဲ့မိဘူး။
အခါခါ မျက်တောင်တစ်ခတ်တိုင်းဟာ
စိတ်တွေကို ပြန်လည်ထူထောင်နိုင်ရေး
အခွင့်အရေးလေးသာ ဆိုရင်
ပုဒ်မ၊ ပုဒ်ကလေး မခွဲချင်တော့ဘူး။
လက်တွေ့ကျဖို့ ပြဇာတ်မဆန်ချင်တော့ဘူး။
ခံစားနိုင်ဖို့ မကိုးကားချင်တော့ဘူး။
ကိုယ့်ကိုယ်ကိုယ်
စိတ် "ညစ်" အောင် လည်း ကိုယ်မလုပ်ချင်တော့ပါဘူး။
မေသော်
ညီမလေးအတွက် ကိုယ်ဟာ ကမ္ဘာပျက်လူသား
ကိုယ်ဟာ
ကမ္ဘာပျက်လူသားပါ။
ဖရိုဖရဲ
အတွေးအခေါ်တွေနဲ့ဆို
ကိုယ့်ဘ၀ထဲ
ညီမလေး ခုန်ချလိုက်မှာလား။
ကိုယ့်ကို
ခါချလိုက်မှာလား။
လူတိုင်းမှာ စိတ်လိုလက်ရ
စိတ်ကူးယဉ်ခွင့်တွေရှိကြတယ်။
စိတ်တိုင်းကျ
အိပ်မက်မက်ခွင့်တွေရှိကြတယ်တဲ့။
ကိုယ်ကတော့
ညီမလေးနဲ့ အတူ မြက်ခင်းစိမ်းစိမ်းပေါ်
လမ်းလျှောက်ကြည့်ချင်ရုံသာ
လက်ကလေးကို ထိထားမယ်။
ညီမလေးပခုံးလေးကိုလည်း ထိထားမယ်။
ညီမလေး လည်ပင်းက သွေးခုန်နှုန်းကိုလည်း ကိုယ် စက္ကန့်မလပ် ကြည့်ထားမယ်။
ထပ်ပြောပါဦး...။
အချစ်မှာ ဘယ်ဥပါယ်တံမျဉ်မှ မပါစေချင်ဘူးလို့။
ကစဥ့်ကလျားဆန်တဲ့ နေ့ညမျိုးတွေ
စိတ်လေတယ်နော် ဆိုတဲ့ တိုးတိုးငြီးတွားမှုမျိုးတွေ
တို့ကနန်း ဆိတ်ကနန်း အတွေ့အထိမျိုးတွေ
နှုတ်ခမ်းနီ ပျက်ယွင်းသွားမှာစိုးတဲ့ ခပ်ဟဟ ရယ်သံမျိုးတွေ
အစိုဓာတ်အပြည့်နဲ့ ညီမလေးရဲ့ နှလုံးသားဖွင့်ဆိုချက်တွေ
အထက်ပါ အကြောင်းအရာတွေကြောင့်
ကိုယ်ဟာ ညီမလေးရှေ့မှာ
စိတ်တွေခဏခဏ လျှော့ချ မောရတာလည်း မနည်းပါဘူး။
ချစ်ကြောင်း ကုန်စင် ဖွင့်ဟရမလားလို့
တစ်ခါတွေးတိုင်း
ကိုယ့်ရဲ့ အရှေ့အရပ်က နေမင်းက တစ်ခါ ပျောက်ကွယ်သွားတယ်။
အရာမယွင်းသေးတဲ့ ဒီဆက်ဆံရေးအတွက်
ကိုယ်ဟာ ရှေ့မတိုးရဲ
နောက်မဆုတ်ရဲ
တွေဝေဆဲ တွေဝေမြဲ။
ညီမလေး သတိမထားမိတာပါ။
ကိုယ့်အတွက်
တင်းကျပ်စေတဲ့အရာတွေတိုင်း
ညီမလေး ဖန်တီးပြီး
ကိုယ့်ကို ဖျော့တော့သွားစေတဲ့ အရာတိုင်းကိုလည်း
ညီမလေး ကုစားတတ်တယ်။
ညီမလေးအတွက်ဆို
ကိုယ်ဟာ
အနှောင်းသေချာစေဖို့
အစကောင်းအောင် အကြိမ်ကြိမ်
အဖန်ဖန်လေ့ကျင့်နေခဲ့။
ဆိုင်းငံ့ခြင်း၊ တွန့်ဆုတ်ခြင်းအတတ်တွေကို
အကြိမ်ကြိမ် အဖန်ဖန် တတ်မြောက်နေခဲ့။
ဘယ်လို အစပြု ရေးရမှန်း မသိတဲ့ ကဗျာတွေ
အကြိမ်ကြိမ် အဖန်ဖန် ပွင့်အန်ထွက်ခဲ့။
ခံစားချက်လေးတွေ ပိုမိုယဉ်ပါးလာမှ
ညီမလေးအကြောင်း ကိုယ်ကဗျာလေး ရေးပေးဦးမယ်။
ခေါင်းစဉ်က
'ညီမလေးအတွက် ကိုယ်ဟာ ကမ္ဘာပျက်လူသား'။
ဖွင့်၊ ဖတ်၊ ပြုံး ရင်း
အလှဆုံး ကြည်နူးမိပါစေ
ဒါဟာ ကိုယ်သတ်မှတ်ထားတဲ့ ညီမလေးရဲ့ အကျွမ်းကျင်ဆုံး ဘာသာရပ်ပါလေ။
မေသော် (20.1.14)
Sunday, March 9, 2014
စေရာ
စိုးမိုးသူ ဆိုတာ...
ရင်ဘတ်က ခွာချလို့ ရကောင်းသလား..
ဒါ အသက်နဲ့ထပ်ပြီး
စေစားထားတဲ့ အမိန့်တော်..
ရင်ခုန်သံနဲ့ လဲပြီး
နာခံတတ်သူတစ်ယောက်ရဲ့ အိပ်မက်..
မီးတစ်ထပ် ရေတစ်ထပ်နဲ့
အလွမ်းနက်နက် ကို ပေါင်းကူးသွား
အချစ်နတ်ဘုရားကိုလဲ
မရဲတရဲကိုးကွယ်..
မောင် ဆိုတာ..
သိပ်လိမ္မာတဲ့ ကိုယ်ရံတော်ပေါ့ကွယ်...။ ။
လက်ဝဲ
၈.၃.၂၀၁၄
Friday, March 7, 2014
စွန့်စားခန်း
ကောင်မလေး..
အချစ်ကချိုသလား
ကိုယ်တော့ အမှတ်တရတွေကိုဖက်အိပ်တတ်နေပြီ
အိမ်မက်ထဲထထလင်းတဲ့အရိပ်ဟာ
မင်းရယ်ကိုယ်ရယ် လမ်းကလေးရယ်...
ကောင်မလေး..
အချစ်ကနူးညံ့သလား
မင်းလက်ဖူးဖူးလေးရယ် မင်းပခုံးမို့မို့လေးရယ်
မင်းအပြုံးလွင်လွင်လေးတွေရယ်လေ
ကိုယ့်အတွက် အကောင်းဆုံးဇိမ်ခံပစ္စည်းတွေပဲ..
ကောင်မလေး..
အချစ်ကဘာဖြစ်စေသလဲ
ကိုယ်တော့ အိပ်ရေးတွေပျက်တယ် ဖုန်းဘေလ်တွေကုန်တယ်
ဒါပေမယ့် မင်းရယ်သံတွေဖောဖောသီသီကြားနေရသ
ဒါဟာ ဘယ်တော့မှမရှုံးတဲ့စီးပွားရေးပဲ.
ကောင်မလေး..
အချစ်ကဘာလဲ
ခေါင်းစဉ်မတပ်ထားပေမယ့်
နင်ရယ်ငါရယ်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်
စမ်းချောင်းလေးတွေလိုငါတို့စီးဆ
ငါ့စိတ်ကိုနင့်မျက်ဝန်းနဲ့မောင်
နင့်စိတ်မှာငါဟာ ယီးလေးခိုလို့
တိတ်တိတ်လေးခရီးထွက်မယ်
ဘာမှန်းမသိတဲ့ အချစ်ဆီ.....။
ရေမှော်
Tuesday, March 4, 2014
သတိ/ ဆေးလိပ်မသောက်ရ
ဆေးလိပ်သောက်ခြင်းသည်
ကျမ်းမာရေးကို ဆိုးရွာစွာထိခိုက်စေနိုင်ပါသည်တဲ့။
တစ်နေ့ကိုသစ်ပင်ရာပေါင်းများစွာ ခုတ်နေတဲ့
သစ်လုပ်ငန်းပိုင်ရှင်ကြီးက ပြောတယ်။
စာရေးဆရာတွေ ဆေးလိပ်သောက်လို့
အသေစောတာ နှမြောစရာကြီးတဲ့။
ဆေးလိပ်ဖိုးလောက်ပဲ စာမူခပေးပြီး
ကြီးပွားနေတဲ့ တိုက်ပိုင်ရှင်ကြီးကပြောတယ်။
ဆေးလိပ်မသောက်ဘဲ အငွေ့ရှူရုံနဲ့တင်
ကင်ဆာဖြစ်နိုင်သတဲ့။
လီဗာတစ်ချက်ပုတ်တိုင်း ဓာတ်ဆီတစ်ဂါလံ မီးခိုးငွေ့ဖြစ်တဲ့
ကားအကောင်းစားကြီးစီးတဲ့ ဆရာဝန်ကြီးကပြောတယ်။
ဆေးလိပ်သောက်တတ်တဲ့သူတွေကို
သူ့စက်ရုံမှာအလုပ်မခန့်ပါဘူးတဲ့။
အင်းယားလမ်းမှာ ခြံအကျယ်ကြီးနဲ့နေတဲ့
ကျွတ်ကျွတ်အိတ်စက်ရုံပိုင်ရှင် သူဌေးမင်းကပြောတယ်။
ဆေးလိပ်သောက်လို့ အာဟာရလည်းမရ
ငွေကုန်ရောဂါရတာပဲ အဖတ်တင်တယ်တဲ့။
ဆိုးဆေးတွေ ဓာတုပစ္စည်းတွေ မတရားသုံးတဲ့
ရယ်ဒီမိတ်စာသောက်ကုန်လုပ်ငန်းပိုင်ရှင် မိန်းမဝဝကြီးကပြောတယ်။
လူကြားသူကြားမှာ ဆေးလိပ်သောက်တဲ့မိန်းမတွေကို
ကြည့်မရဘူး… အရမ်းမုန်းတာပဲတဲ့။
မာဆက် ၅ ခု၊ ကေတီဗွီ ၃ ခု၊ နိုက်ကလပ် ၂ ခုပိုင်ရှင်
အပျိုစစ်စစ်ဆိုသိပ်ကြိုက်တတ်တဲ့ လူကြီးမင်းကပြောတယ်။
သူတို့နိုင်ငံမှာ တင်းကျပ်တဲ့ ဆေးလိပ်ဥပဒေရှိပြီး
ဆေးလိပ်ကိုအခွန်အရမ်းကောက်ပါသတဲ့။
နူကလီးယားဗုံးတွေ ဟိုက်ဒရိုဂျင်ဗုံးတွေနဲ့
ကမ္ဘာ့ငြိမ်းချမ်းရေး ချိန်းခြောက်နေတဲ့ နိုင်ငံခေါင်းဆောင်ကြီးကပြောတယ်။
ဆေးလိပ်တိုက်ဖျက်ရေးအတွက်
နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ လှူပါမည်တဲ့။
တစ်နေ့ ၂၄ နာရီ မီးခိုးလှိုင်လှိုင်ထွက်နေတဲ့
စက်ရုံကြီးတွေ ပိုင်ရှင်ကြီးကပြောတယ်။
- ကျွန်တော် (တို့) သစ်ပင်မခုတ်ဘူး။
- ကျွန်တော် (တို့) သူများကို ခေါင်းပုံမဖြတ်ဘူး။
- ကျွန်တော့် (တို့) မှာ ကိုယ်ပိုင်ကားမရှိဘူး။
- ကျွန်တော် (တို့) ကျွတ်ကျွတ်အိတ် (တတ်နိုင်သမျှ) မသုံးဘူး။
- ကျွန်တော် (တို့) အချိုမှုန့်မစားဘူး။
- ကျွန်တော် (တို့) လိင်မသရမ်းဘူး။
- ကျွန်တော် (တို့) စက်ရုံမပိုင်ဘူး။
- ကျွန်တော် (တို့) ကမ္ဘာဖျက်ဖို့ မကြံစည်ဘူး။
....................................... ဒါပေမဲ့ ကျွန်တော် (တို့) ဆေးလိပ်သောက်တယ်။
ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုခုနဲ့ (အဆုတ်ကင်ဆာနဲ့ ဖြစ်ဖြစ်)
ကျွန်တော်သေသွားခဲ့ရင်
ဆေးလိပ်မသောက်တတ်တဲ့ ကလေးတွေကို
သစ်ပင်စိုက်ဖို့ ပြောပြပေးပါ။
သွေးလှူဖို့ ပြောပြပေးပါ။
Recycle တွေသုံးတတ်အောင် ပြောပြပေးပါ။
အထိကရုန်းတွေ မဖန်တီးအောင် ပြောပြပေးပါ။
စက်ရုပ်ဆန်စွာ မနေဖို့ ပြောပြပေးပါ။
စာဖတ်တတ်တဲ့အလေ့အကျင့်လေး မွေးမြူပေးပါ။
လူသားဆန်စွာ နေထိုင်နည်းတွေ ပြောပြပေးပါ။
ပြီးတော့… ဆေးလိပ်မသောက်လည်း သေရမဲ့အတူတူ
အသက်ရှင်နေစဉ် ကာလပတ်လုံး
သူများအသက် မသတ်မိစေဖို့
ကိုယ့်ကိုယ်ကို ဘယ်တော့မှ သတ်မသေဖို့ပါ
ကျွန်တော့ကိုယ်စား ပြောပြပေးပါ…။ . . . ။
ကိုဇေ
August 18, 2013 (Sunday) 2:50AM
Blog post : http://all-about-kozey.blogspot.com/2013/08/blog-post_19.html
တွင်းပိုး
ငါ့ကိုကိုင်လှုပ်လိုက်စမ်းပါ
စကားလုံးတွေများ
တစ်ဂျောက်ဂျောက်နဲ့ ထွက်ကျလာမလားဆိုတာ……………
င့ါနှာခေါင်းထဲမှာ
စိမ်းရွှေရွှေ လူသားတွေရဲ့ အနံ့တွေ
ှုရှောင်ရင်းတိမ်းရင်းနဲ့
သူတို့တွေကို ရှောင်ရင်းတိမ်းရင်းနဲ့……
ငါ့အဖြစ်က ………
သိုးတွေကြားမှာ မွေးတဲ့မြေခွေးလို
ဖေဖော်ဝါရီ ၂၉ လို
ဥယျာဉ်ထဲက ပေါင်းပင်လို
အဆီအငေါ်မတည့်
အစီအစဉ်မတည့်
အသက်လမ်းကြောင်းတိုတိုလေးရယ်
ခက်ခက်ခဲခဲရှုသွင်းပေးနေရတဲ့ အဆုပ်ရယ်
ဗေဒင်ဆရာကိုပေးခဲ့တဲ့အသပြာနဲ့
ဗေဒင်ဆရာကပေးတဲ့ ယတြာရယ်
အပ်ပေါက်ရာ ပြူးတူးပြဲတဲ အရေပြားရယ်
ဆီးပိုက်တွေ ပြွန်တွေ ဆေးထိုးအပ်တွေ
အဖြူတွေ အနီတွေ
သြော်…………
တွင်းအောင်းဖို့ကြိုးစားပါတော့မယ်ဆိုမှ
…… ………… …………
တွင်းဝကို ခြေမနဲ့
လာကလော်ထုတ်နေကြပြန်တယ်။ ။
စုန်း
Subscribe to:
Posts (Atom)


