ငါက
အနောက်ကို ပြန်လှည့်
အရှေ့စူးစူးဆီ ငေးကြည့်ရင်းနဲ့………………
ဘဝဟာ ခက်သယောင်ယောင်ရှိပေမဲ့
သက်ပြင်းချတာရယ် အော်ငိုတာရယ်
ရယ်မောတာရယ်
တကယ်တော့…………
ပေါ့ပေါ့နေ ပေါ့ပေါ့စား
ငါ(တို့) အတွက် 'လွယ်' တယ်
အစကတော့
ရွှေနဲ့ကွင်းဖို့ ကြိုးစားခဲ့ကြတာပဲ
အဆုံးကျတော့
ကြေးနဲ့ပဲ ကွပ်လိုက်ကြတယ်
မယုံမရှိကြနဲ့
ငါ(တို့)က စွန်လိုက်ဖို့ထက်
စွန်လွှတ်နေကြသူတွေ
သိုးမည်းက သိုးမည်းပါပဲ
ငါ(တို့) ဘယ်တော့မှ ဆေးမဆိုးကြဘူး
သန်းခေါင်ပျောက်ပြီးရင် မိုးသောက်လိမ့်မယ်
တနင်္ဂနွေပြီးရင် တနင်္လာ ရောက်လိမ့်မယ်
သင်္ချာမတတ်ပေမဲ့လည်း သုညတွေရှိနေလိမ့်ဦးမယ်
ဘုရားရှိခိုးရင်း
ငါ(တို့)…………
နေပျော်ကြတယ်…………
အပျော်အပါးလိုက်စားရင်း
ငါ(တို့)…………
နေပျော်ကြတယ်………
ကရုဏာထားရင်း
ငါ(တို့)…………
နေပျော်ကြတယ်………
တစ်ကိုယ်ကောင်းဆန်ရင်း
ငါ(တို့)…………
နေပျော်ကြတယ်……………
ကဗျာရေးရင်းနဲ့လည်း………
ငါ(တို့)…………
နေပျော်ကြပါတယ်…………။ ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment