တိုင်ကိုးတိုင်
တန်းကိုးတန်း
ဒါပေမဲ့
တစ်ကြိမ်မှာ ဂဏန်းတစ်လုံးသာ
တစ်ချို့က လက်တည့်စမ်းကြ
တစ်ချို့က ဖြည့်ချင်ရာဖြည့်ကြ
တစ်ချို့က လက်လျော့ကြ
ငါတို့တွေကတော့
ရည်ရွယ်ချက်နဲ့တမြည့်မြည့်ကစားနေတုန်း
မှားတယ်
ထပ်မှားတယ်
အမှန်ပြန်ဖြည့်တယ်
ကွက်လပ်တစ်ခုပြည့်တိုင်းမှာ
ပြည့်စုံခြင်း ရဲ့ အဆီအနှစ်တွေ…………။
0 comments:
Post a Comment