Pages

Subscribe:

Ads 468x60px

Friday, April 18, 2014

** ပြိုင်မျဉ်း **




သူ့အတွက် ညက
ငါ့အတွက် မနက် ဖြစ်တယ်
သူမိုးမှောင်ကျနေချိန်တောင်
ငါ့အတွက် အမှောင်ကလင်းလွန်း…

ငါက ဝိုင်းစက်စက် သုညဆိုရင်
သူက ကောင်းကင်က လ
အရင်းအနှီးမပါတဲ့ ငါ့ဘဝနဲ့
ဆုတ်လိုက်ဆန်းလိုက် သူ့သဘာဝ……


ငါက တောင်အောက်ကလူဖြစ်ပြီး
သူက တောင်ထိပ်ကလူဖြစ်တယ်
သူက ကိုယ့်ထက်နိမ့်တဲ့သူကို
ငုံ့ကြည့်တတ်သလို……
ငါက ကိုယ့်အထက်ကလူကို ငေးမော


ငါ့အတွက်က အချစ်ဆိုတာကို
နှလုံးသားနဲ့ကြည့်ပေမယ့်
သူအတွက်က အချစ်ဆိုတာကို
မျက်စိနဲ့ကြည့်တယ်


ဒီလိုနဲ့ပေါ့လေ……
ဒီလိုနဲ့…………………
ငါတို့ရဲ့ လက်ဖြစ်လှေကလေးကို
ခြားနားခြင်းတွေကြား နှစ်လိုက်ကြတာ……
ပြောပါ !
မျဉ်းပြိုင်တွေ အတိအကျဆုံနိုင်မယ့်နေရာ… ။


__________ စုန်းမ

0 comments:

Post a Comment