Pages

Subscribe:

Ads 468x60px

Thursday, February 20, 2014

သစ်ပင်စိုက်နေသည်


''ကျွန်တော်ကြီးလာရင်……
ပန်းရောင်းမယ် ဆရာမ''
ဒါက……
သူ့ရဲ့ သမိုင်းအစ
ကျောင်းစာအုပ်က လွဲရင်
ဘဝကို မကျေညက်ခဲ့
လူ့ကျင့်ဝတ်ကို အရည်မဖျော်ဖူးခဲ့
အဖြူကို အရောင်မစပ်ဖူးခဲ့
ပိုးကိုက်နေတဲ့ သစ်သီးကိုတောင်
အကောင်းမြင်တဲ့ စိတ်နဲ့ကြည့်ပေးခဲ့တယ်
''စင်းလုံးချောထက် ပိုချိုသတဲ့''

သူက ဖြတ်လမ်းဆိုတာကို မသိဘူး
ချွန်ဇူး ရဲ့ စစ်ဗျူဟာ ကို နားမလည်ဘူး
စစ်တုရင်းရဲ့ လျှောက်လမ်းမှာ 
ငေးငေးငိုင်ငိုင် ထိုင်နေတဲ့ လူသား
ဒါပေမဲ့……
သူ့ဝါသနာ အလျောက်
သစ်ပင်တော့ စိုက်တတ်တယ်။

သူက လူတကာအမြင်မှာ……
လူ့ဗာလ 
တက်လမ်းမရှိတဲ့ လှေကား
ဒီကနေ့ခေတ်မှာ
ရိုးသားမှုက
ငတုံးငအ ဆိုတဲ့ အဓိပ္ပာယ်ပြောင်းသွားပေမဲ့
သူကတော့…………
သစ်ပင်တွေ စိုက်နေတုန်း…… 
သူ…သစ်ပင်တွေ စိုက်တုန်းရယ်…။           ။


စုန်း

0 comments:

Post a Comment