Pages

Subscribe:

Ads 468x60px

Thursday, February 20, 2014

ကျွန်မရဲ့ခဲတံ


ခဲတံလှလှလေးနဲ့ရေးမှ
လက်ရေးလှမယ်လို့ထင်ထားတဲ့အရွယ်လည်း
ကျော်ခဲ့ပါပြီ။

ငါ့ရဲ့ကျောင်းသွားဖော်သူငယ်ချင်းလေးရေ
ငါတို့တွေ ဆံပင်ဆက်မဲ့အစား
ရှည်သထက်ရှည်အောင်
စိတ်ကိုဆက်ကြစို့လား။

ပညာသင်နှစ်က ၂၀
အတွေ့အကြုံအကြောင်းပြောရင်
အချိန်တွေရောင်းတယ်
နောင်တတွေဝယ်တယ်။

ပြင်မရတဲ့အမှားတွေအတွက်
ခဲဖျက်မရှိဘူးတဲ့
ဖေဖေပေးခဲ့တဲ့ခဲတံလေး
အခုထိထုတ်မရေးရသေးဘူး။

နေ့ရက်တွေအရောင်မှိန်တဲ့အခါ
ပြက္ခဒိန်ကြည့်
ကဗျာဖတ်
ဒစ်ရှင်နရီလှန်
ဘ၀အဓိပ္ပာယ်အမှန်ဆိုတာဘာပါလဲ။              ။

စိတ်ချမ်းသာမှု
ကိုယ့်အတွက်ကုန်သွားတဲ့ဝေစုလား
သေခြင်းတရားနဲ့လဲမယ်ဆိုလဲပေး
အလိုက်ပေးဆိုလည်းပေးမယ်။
ပျော်စရာအရောင်လဲ့လဲ့လေးတွေကို
ကျိုးတို့ကျဲတဲတောင်မပိုင်
ဆုတောင်းခွင့်တွေနဲ့လည်းမဆိုင်ပြန်ဘူး။

နေ့တိုင်းရထားစီးရင်းအချိန်ဖြုန်း
ငယ်ငယ်ကအိပ်မက်လေးတွေလည်းသုံးမရတော့ဘူး။


စုစုလှိုင်

0 comments:

Post a Comment