ကပ်သီးကပ်သပ် ကောင်မလေးဆိုတဲ့ ..
မှော်ဝင်သီချင်းတွေမှာ ..
ငါ့ညတွေဟာ ပျော်ဝင်သွားခဲ့ ...
ဂျစ်ပ်စီအိပ်မက်တွေလည်း ..
လူကြီးလူကောင်းဆန်တတ်ခဲ့ပြီ ..
ပုံပြင်မဆန်ဘူး ..
ဒဏ္ဍာရီမဆန်ဘူး ..
ရိုးရိုးလေးနဲ့ လှတာ ..
ငါတို့ရဲ့ ဇာတ်လမ်းပေါ့ ..
ဒါပေမယ့် ..
နည်းနည်းတော့ ..
ထူးဆန်းအံ့သြဖွယ်ကောင်းတယ် ..
မိုးစက်ပေါက်များစွာထဲကမှ ..
'သူမ' ဆိုတဲ့ ..
မိုးစက်ပေါက်ကလေးက ..
ထီးပေါင်းများစွာထဲကမှ ..
'ငါ' ဆိုတဲ့ ..
ထီးကလေးပေါ် ပေါက်ခနဲ ကျလာခဲ့ ..
ဒီလိုနဲ့ ..
ယုံကြည်ချက်တွေဟာ ..
ဝတ်ကောင်းစားလှတွေနဲ့ ဖြစ်လာခဲ့ ..
သူ့ကို သတိရခြင်းတွေနဲ့အတူ ..
ဘဝရဲ့ ပင်ပန်းဆင်းရဲမှုတွေမှာ ..
နေပျော်လာခဲ့တယ် ...
ထာဝရ သေချာတယ် ..
သောကြာကြယ်က ...
တနင်္ဂနွေဂြိုလ်မှာ အုပ်မိုးနေသရွေ့တော့ ..
ငါ့နက္ခတ်တွေ ပြာနေလိမ့်ဦးမယ်
မှော်ဝင်သီချင်းတွေမှာ ..
ငါ့ညတွေဟာ ပျော်ဝင်သွားခဲ့ ...
ဂျစ်ပ်စီအိပ်မက်တွေလည်း ..
လူကြီးလူကောင်းဆန်တတ်ခဲ့ပြီ ..
ပုံပြင်မဆန်ဘူး ..
ဒဏ္ဍာရီမဆန်ဘူး ..
ရိုးရိုးလေးနဲ့ လှတာ ..
ငါတို့ရဲ့ ဇာတ်လမ်းပေါ့ ..
ဒါပေမယ့် ..
နည်းနည်းတော့ ..
ထူးဆန်းအံ့သြဖွယ်ကောင်းတယ် ..
မိုးစက်ပေါက်များစွာထဲကမှ ..
'သူမ' ဆိုတဲ့ ..
မိုးစက်ပေါက်ကလေးက ..
ထီးပေါင်းများစွာထဲကမှ ..
'ငါ' ဆိုတဲ့ ..
ထီးကလေးပေါ် ပေါက်ခနဲ ကျလာခဲ့ ..
ဒီလိုနဲ့ ..
ယုံကြည်ချက်တွေဟာ ..
ဝတ်ကောင်းစားလှတွေနဲ့ ဖြစ်လာခဲ့ ..
သူ့ကို သတိရခြင်းတွေနဲ့အတူ ..
ဘဝရဲ့ ပင်ပန်းဆင်းရဲမှုတွေမှာ ..
နေပျော်လာခဲ့တယ် ...
ထာဝရ သေချာတယ် ..
သောကြာကြယ်က ...
တနင်္ဂနွေဂြိုလ်မှာ အုပ်မိုးနေသရွေ့တော့ ..
ငါ့နက္ခတ်တွေ ပြာနေလိမ့်ဦးမယ်
မင်းသီ
0 comments:
Post a Comment