Pages

Subscribe:

Ads 468x60px

Thursday, February 20, 2014

ဇူလိုင် ငိုခဲ့တယ်


တော်လဲသံတွေနဲ့ပေါ့…
ဆုတ်ကပ် နဲ့ ပျက်သုဉ်းခြင်း ကိုယ့်မျက်လုံးကိုယ်ပဲ မှိတ်လိုက်တယ်

ရေသောက်မြစ် ဖြတ်ခံလိုက်ရတဲ့
ပန်းတစ်ရုံဟာ တဆတ်ဆတ် တုန်ရင်ခဲ့
တကယ်တော့ …
ဘယ်အရာမှကို မလွယ်ကူခဲ့တာ
ဘယ်အရာကိုမှလည်း မလွန်ဆန်နိုင်ခဲ့ဘူးလေ

ပန်းပွင့်က လှရက်နိင်လွန်းတယ်
ဒါပေမဲ့……
အမြစ်တွယ်စရာ နေရာမရှိတဲ့ အဖြစ်မျိုး
ပန်ဆင်ဖို့လဲ စိတ်ကူးထဲမထည့်ကြတဲ့အဖြစ်မျိုး

နိဋ္ဌာရုံပန်း ဈာပနပန်းလေး
ပွင့်ဖတ်တွေကံကုန်တဲ့ နောက်ဆုံးနေ့
လူသူမသိပေမဲ့
ဇူလိုင်မှာ မျက်ရည်တတွေတွေယိုလို့……။ ။



စုန်း

0 comments:

Post a Comment