Pages

Subscribe:

Ads 468x60px

Thursday, February 20, 2014

ဗလာထဲက လူ


အဲ့ဒီ့ မိန်းမက……
ရယ်ရင်းနဲ့ မျက်ရည်ကျတတ်တဲ့လူမျိုး
အဆုံးရှာရင်းနဲ့ အစ ပျောက်သွားတတ်တဲ့လူမျိုး
လမ်းသွားရင်တောင်
ခလုတ်တိုက်ပြီးမှ
အိမ်ပြန်ရောက်တတ်တဲ့ လူမျိုး………

တစ်ခါတစ်ခါ ဗင်းနစ်မြို့စားကို အားကျမိပေမဲ့
ကိုယ့်အသားကိုယ် 
လှီးထုတ်ပစ်ဖို့ကလည်း သတ္တိမရှိပြန်……

တကယ်တော့…
ငါဟာ အာလာဒင် ကန်ထုတ်သွားတဲ့
ဆီမီးခွက် အစုတ်မျှသာ ဖြစ်တယ်

မသိခြင်းတွေကျော်သွားတဲ့အခါ
မရှိခြင်းတွေက ဦးတိုက်ရောက်လာ
ဝလုံးနဲ့ သုည
သုည 
ပြီးတော့……
ဝလုံး……

လက်တံပျောက်သွားတဲ့ နာရီလို……
တစ်ချက်ချက် အော်နေပေမဲ့
ဘယ်အချိန်မှန်းကို မသိတော့…… ။ ။

စုန်း

0 comments:

Post a Comment