Pages

Subscribe:

Ads 468x60px

Thursday, February 20, 2014

ငါ့လမ်းဟာ တစ်ဖြောင့်တည်း .. ငါ့မြို့မှာ ဘုရင်မတစ်ပါးတည်း


ငါ့လမ်းဟာ တစ်ဖြောင့်တည်း ... 
ငါ့မြို့မှာ ဘုရင်မတစ်ပါးတည်း ...

မျှော်လင့်ချက် တလက်လက်နဲ့ .. 
ယုံကြည်မှုက တစ်ခုတည်း ..

သိပ်များများစားစား မရှိပေမယ့် .. 
ငါ့ဘ၀က ခမ်းနားလွန်းတယ် ... 

ရွှေရည်ငွေရည် မစိမ်တဲ့ ..
ဖြူစင်တဲ့ အိပ်မက် ..
အတောင်အလက်စုံတဲ့ 
ခံယူချက်နဲ့ ..

လောကဓံက 
စိန်ခေါ်တဲ့အခါတိုင်း .. 
တော်လဲသံနဲ့ ငါ့ဝိဥာဉ်က 
ထစ်ချုန်း ဟိန်းဟောက်ပြ .. 

ဘယ်အရာကမှ ..
သစ္စာတရားကို 
ခုတ်ထစ်ဖြတ်တောက်ပစ်လို့မရ ..

ဘယ်အရာကမှ ...
မေတ္တာတရားလောက်
မနွေးထွေး မအေးမြ ..

ငါ့ရင်ထဲမှာ ..
ငါ့သွေးနဲ့ ရေးထားတဲ့ ..
နီရင့်ရင့် စကား ..
ငါ့ကိုယ်ပိုင် ဒဿန ..

" ငါ့လမ်းဟာ တစ်ဖြောင့်တည်း ..
ငါ့မြို့မှာ ဘုရင်မတစ်ပါးတည်း " 


မင်းသီ

0 comments:

Post a Comment